Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 22, 2014

ဝမ်းနည်းနေတဲ့ မျက်နှာနဲ့ ကြောင်ပေါက်လေး နာမည်ကြီး



စိတ်ဆိုးနေတဲ့ မျက်နှာနဲ့ Grumpy Cat ကိုတော့ အတော် များများ သိကြ ပါတယ်။ ယခု ရက်ပိုင်းတင်ပဲ အင်တာနက်မှာ ရေပန်း စားလာ ပြန်တာ ကတော့ ဝမ်းနည်းနေတဲ့ မျက်နှာနဲ့ ကြောင်လေး ဖြစ်ပါတယ်။ သူ့ကို အမည်တော့ မပေးရ သေးပါဘူး။ လောလောဆယ် ကတော့ သူ့ကို အလွယ် အားဖြင့် purrrmanently sad cat လို့ ခေါ် ပါတယ်။

ပိုင်ရှင်က Ashley Herring ဖြစ်ပြီး Imgur ဆိုတဲ့ ဆိုရှယ်ဆိုဒ် တစ်ခုမှာ တင်လိုက်တော့ ရက်ပိုင်း အတွင်းပဲ ကြည့်ရှုသူ လေးသိန်း နီးပါး ရှိသွား ပါတယ်။ ကြောင်ရဲ့ မျက်နှာအသွင်အပြင်က ဝမ်းနည်း နေသလို ပေါက်နေ ပေ မယ့် အမှန်တော သူက ဝမ်းနည်းနေတာ မဟုတ် ပါဘူး။ နဂိုမူလ ကိုက မျက်နှာထား ပုံစံက အဲ့ဒီလို ဖြစ်နေတာ ဖြစ်ပါတယ်။ ရီဝေဝေ မျက်လုံး၊ ငိုတော့မယ့် နှုတ်ခမ်း အနေအထား တို့ကြောင့် ချစ်စဖွယ် ပုံစံ တစ်မျိုး ပါပဲ။

သူ့ကို ပိုင်ရှင်ဟာ အကောင်းဆုံး ကျွေးမွေး ပြုစု ထားပြီး အင်မတန်လည်း ချစ်ကြောင်း ဆိုပါတယ်။ အိပ်နေချိန်တောင် စောင်ထဲထိ တိုးဝေ့ပြီး သခင့်ကို ပွတ်သီးပွတ်သပ် လာလုပ်လေ့ ရှိကြောင်း ဆိုပါတယ်။ ဂရုစိုက်မှုကို အင်မတန် ကြိုက်နှစ် သက်တဲ့ ကြောင်မလေး ဖြစ်ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

 

No comments:

Post a Comment