Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 9, 2014

ဟယ်ရီပေါ်တာ ဇာတ်ရုပ်ကို ပြန်လည်အသက်သွင်းခဲ့သည့် ဂျေကေရိုးလင်း

ကမ္ဘာကျော် စိတ်ကူးယဉ် မှော်ဝတ္ထုဇာတ်ကောင် ဟယ်ရီပေါ်တာကို မူရင်းစာရေးသူ ဂျေကေရိုးလင်းက တစ်ကျော့ပြန် အသက်သွင်းခဲ့သည်။
Harry Potter ဝတ္ထုတွဲများ အပြီးသတ်ခဲ့ပြီးနောက် (၇)နှစ် အကြာတွင် အဓိကဇာတ်ကောင် ဟယ်ရီ ပေါ်တာ တစ်ကျော့ပြန် ပါဝင်သည့် ဇာတ်လမ်းတို တစ်ပုဒ်ကို သူမ၏ Pottermore ဝက်ဘ်ဆိုက်တွင် ရိုးလင်းက ရေးသား လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဇာတ်လမ်းတိုလေးတွင် Harry Potter ဇာတ်လမ်းများထဲ ပေါ်တာအပြင် ဇနီးဖြစ်သူ ဂျင်နီပေါ့တား၊ ရွန်ဝက်စ်လေနှင့် ဟာမီယွန်နီဂရိန်ဂျာတို့ စုံတွဲပါ စုံစုံလင်လင် ပါရှိလာပြီး ပေါ်တာ၏ အသက်ကို (၃၄)နှစ်ဝန်းကျင်အဖြစ် ပုံဖော်ထားသည်။ ထို့ကြောင့် ကလေးငယ်များ အကြိုက်တွေ့ခဲ့သည့် ငယ်ရွယ်သော စုန်းပျိုကလေးဖြစ်သည့် ပေါ်တာ၏ ပုံရိပ်မှာ လုံးဝပျောက်ကွယ်သွားသည့် သဘောဖြစ်သည်။
ပေါ်တာသည် အသက်(၃၄)နှစ် အရွယ်တွင် ဆံပင်များ ဖြူစပြုနေပြီး (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ဖလား ကွက်ဒစ်ရှ်ပြိုင်ပွဲတွင် မိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ကြပုံမျိုး ရိုးလင်းက ဖန်တီးရေးဖွဲ့ထားသည်။ ထို့အပြင် ပေါ်တာ၏ ပါးရိုးတွင် ပြတ်ရှဒဏ်ရာဟောင်းတစ်ခုရှိနေပြီး ယင်းဒဏ်ရာနှင့် ပတ်သက်၍ လျှို့ဝှက်ထားရာ Harry Potter ဝတ္ထု နောက်ဆက်တွဲ စွန့်စားခန်းများ ထွက်ရှိလာမည်ဟု ပရိသတ်များက မျှော်လင့် ယူဆနေသည်။
အဆိုပါ ဇာတ်လမ်းတိုသည် 2014 Quidditch Cup အမည်ရှိ အခန်းဆက် ဝတ္ထု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး လက်ရှိကျင်းပနေသည့် (၂၀၁၄) ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ရည်ညွှန်းပုံဖော်ထားခြင်း ဖြစ်သည်။ အခန်းဆက် ဝတ္ထု၏ အဆုံးသတ်ကို ဇူလိုင်လ (၁၁)ရက်နေ့တွင် ဖော်ပြမည်ဖြစ်ပြီး ဗိုလ်လုပွဲတွင် ဘရာဇီးနှင့် ဘူလ်ဂေးရီးယားတို့ ရင်ဆိုင်ကစားမည်ဟု သိရသည်။
ရိုးလင်းသည် Harry Potter ဇာတ်လမ်းတွဲများကို ရေးသားခဲ့ရာတွင် အုပ်ရေ သန်းပေါင်း (၄၅၀)ကျော် ရောင်းချခဲ့ရပြီး ရုပ်ရှင်အနေဖြင့် ရိုက်ကူးရာတွင်လည်း အောင်မြင်မှုများ အကြီးအကျယ် ပိုင်ဆိုင်ရရှိခဲ့သည်။
_Ref: Dailymail
http://www.7daydaily.com/story/15356#.U73H-bGTF1Y

No comments:

Post a Comment