CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ငါးချဉ်ပေါက်ဟင်း( ရခိုင်ဟင်း)
ငါးကတော့ ကကတစ်၊ ကကူရံ တို့နဲ့ ချက်တာအကောင်းဆုံးလို့ပြောပါတယ်။ အရည်ကျဲကျဲလေးနေနဲ့ သောက်စမ်းချဉ်ရည်လေးတမျိုးပါရှင်။ ပါဝင်ပစ္စည်းများ
-ငါးအသားဆူဆူ တကောင် ၅၀၀ ဂရမ်ခန့်
-ကြက်သွန်နီ တလုံးကြီးကြီး
-ငပိ စိမ်းစား ၁ဇွန်း(အချိုဇွန်း)
-ဆနွမ်း ပါလေကာ ဇွန်း ၃ပုံ ၁ပုံ (အချိုဇွန်း)
-ဆား ၁ဇွန်း(အချိုဇွန်း)
-အသားမှုန့် ၂ဇွန်း (အချိုဇွန်း)
-မကျည်းသီး(သို့) မရမ်းသီးခြောက် ကိုရေစိမ်ထားပါ။
-ငရုတ်သီးစိမ်း ၅ တောင့်ခန့်
-နံနံပင်
ငါးများကို သန့်စင်ပြီး အတုံးညီညီ တုံးထားပေးပါ။ ဆားနယ်ထားပါ။
ကြက်သွန်နီကိုပါးပါးလေးများလှီးထားပေးပါ။
ငရုတ်သီးစိမ်းလေးများကို ထက်ခြမ်းခွဲထားပါ။ ငါး၊ကြက်သွန်၊ဆနွမ်း၊ ငပိ
ကိုရေဖျောထားတာတို့ကို အိုးထဲ ဆီပါလေကာ ထဲ့ပြီး မီးဖိုပေါ်တွင်လုံးပေးပါ။ ၃
မိနစ် ခန့်အကြာမှာ အသားမှုန့်၊ ရေ ၁၀၀ ဂရမ်ထဲ့ပြီး အဖုံအုပ်ထားပေးပါ။
ဆူလာရင် မကျည်းရေ( သို့) ရေစိမ်ထားသော မရမ်းသီးခြောက် ၄ -
၅ပြားကိုရော စိမ်ထားသောရေပါလောင်းထဲ့ပါ။ (မကျည်းရည် သုံးမယ်ဆိုရင် အချဉ်ကို လိုချင်သလောက်ချိန်ထဲ့ပါရှင်)။
ရေပြန်ပွက်လာတာစောင့်ပြီး ငရုတ်သီးစိမ်း ထက်ခြမ်းကွဲများ ထဲ့ပါ။
အရသာအပေါ့အငံမြည်းကာ မီးပိတ်ပြီး နံနံပင် ခတ်လိုက်ရင် ချဉ်ချဉ်စပ်စပ်
ငရုတ်နံ့မွှေးမွှေး ငါးချဉ်ပေါက် ရခိုင်ရိုးရာဟင်းတခွက်အဆင်သင့်စားသုံးနိုင်ပါပြီရှင်။
http://htetfamily.com/2014/07/27/ငါးချဉ်ပေါက်ဟင်း-ရခိုင်/
ငါးချဉ်ပေါက်ဟင်း( ရခိုင်ဟင်း)
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
July 27, 2014
Rating:
5
No comments:
Post a Comment