CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 22, 2014
ခါးသီးမှုကို စားသုံးခြင်း
ကျန်းမာရေးအတွက် ရှေးစကားပုံလေး
တစ်ခွန်း ရှိတယ်။
" မျက်စိမှာ အကြည်
နားမှာ ဆီ
ဒန္တီမှာ ဆား
လျှာမှာ ခါး "
မျက်စိကကျန်းမာရေးအတွက် မနက်
အိပ်ရာနိုးတိုင်း မျက်စိထဲကို သန့်ရှင်းကြည်
လင်သောရေ ထည့်၍ ဆေးကြောပေးရမယ်။
နားကျန်းမာရေးအတွက် နားထဲကို
အနည်းငယ်မျှသော အုန်းဆီဖြင့် နှစ်ပတ်
တစ်ခါ သို့မဟုတ် တစ်လတစ်ခါ စွတ်လိမ်း
ပေးရမယ်။
သွားကျန်းမာရေးအတွက် ဆားဖြင့်
ပလုတ်ကျင်းပေးခြင်း၊ ဆားဖြင့် သွားတိုက်
ခြင်းတို့ကို ပြုလုပ်ပေးရမယ်။
လျှာကျန်းမာရေး သို့မဟုတ် ခန္ဓာ
ကိုယ် ကျန်းမာရေးအတွက် အခါးဓာတ်ပါ
သော အသီးအရွက်တစ်မျိုးမျိုးကို နေ့စဉ်
စားပေးရမယ်။
ပူ၊ စပ်၊ငန်၊ချဉ်၊ခါး၊ ချို၊ စိမ့် အရသာ
အမျိုးမျိုး ရှိတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့
အတွက် အခါးဓာတ်က အဓိကတာဝန်
ယူထားတယ်။ကျန်းမာလိုတဲ့ လူတစ်
ယောက်က အခါးဓာတ်ကို မဖြစ်မနေ
ဆောင်ပြီး အချိုဓာတ်ပါသော အစာများ
ကို လျော့စားသင့်တယ်။လတ်တလော
တွေ့ရှိချက်အရ ကင်ဆာဖြစ်စေတဲ့
အဓိကတရားခံ နှစ်ဦးက အချို နဲ့ လက်လုပ်
ချဉ် ဖြစ်နေတယ်။ခက်တာက လူအများစု
က အချိုကိုကြိုက်ပြီး အခါးကိုမုန်းတီးနေ
တာပဲ။ဘာပဲဖြစ်ဖြစ် ကျန်းမာချင်တယ်ဆိုရင်
ခါးသီးတာတွေ စားပေးပါ။
*****************
တစ်ခါက ဂျာမနီ ဆရာဝန်တစ်ယောက်
ထိုင်းနိုင်ငံကို ရောက်လာတယ်။
တစ်နေ့ အဲဒီဆရာဝန်က ထိုင်းဈေးကို
သွားပြီး ပိုးထိုးနေတဲ့ သင်္ဘောသီးအစိမ်း
တစ်လုံးကို ရွေးပြီး ဝယ်လာတယ်။သူများ
တကာတွေက သင်္ဘောသီး လှလှပပ
သန့်သန့်ပြန့်ပြန့် အလုံးကြီးကြီး ရွေးဝယ်နေ
ချိန်မှာ......
သူ ဘာကြောင့် သင်္ဘောသီးပိုးထိုးကို
ဝယ်ရတာလဲ…?
သူ့အဖြေကတော့ ...... သင်္ဘောသီး
ပိုးထိုးပြီ ဆိုကတည်းက ပိုးသတ်ဆေး မသုံး
လို့။ပိုးသတ်ဆေး မဖြန်းတဲ့ အော်ဂဲန်နစ်
သဘာဝသင်္ဘောသီးကို စားချင်လို့ ပိုးထိုး
တာကို ရွေးဝယ်ရတာပါတဲ့။
မှတ်သား လိုက်နာဖို့ကောင်းသော
သက်ကြီးစကားကို ပြန်လည်၍ မျှဝေလိုက်
ပါသည်။
by ဦးတိုးအောင်
ကျန်းမာရေးသတင်းများ
Andrew Myo Aung
ခါးသီးမှုကို စားသုံးခြင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 22, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 22, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment