မြန်မာတို့ရဲ့ ရှေးဟောင်းအမွေအနှစ် ပျူခေတ်လက် ရာတွေ ပါဝင်တဲ့ Lost Kingdom of Early Southeast Asia: Hindu- Buddhist Sculpture 5thto 9th Century အမည်နဲ့ ပြပွဲတပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ မက်ထရိုပိုလီတန် အနုပညာပြတိုက်ကြီး(The Metropolitan Museum of Arts ) မှာ ဇူလိုင်လ ၂၇ ရက်နေ့အထိ ပြသလျှက်ရှိပါတယ်။
ပြပွဲမှာ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့
ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊
ဗီယက်နမ်နိုင်တွေက အေဒီ ၅ရာစုက ၉ရာစု အတွင်းထွန်းကားခဲ့တဲ့ ဟိန္ဒူ
ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အနုပညာလက်ရာ ပစ္စည်းရုပ်ထုပေါင်း ၁၆၀
ကိုပြသနေတာဖြစ်ပါတယ်။
ရန်ကုန်မြို့က အမျိုးသားပြတိုက်နဲ့ ပြည်မြို့မှာ ရှိတဲ့ သရေခေတ္တရာေ၇ှးဟောင်းသုတေသနပြတိုက် တို့မှ အေဒီ ၅ ရာစု မှ ၉ ရာစု အတွင်းထွန်းကားခဲ့သော ပျူခေတ် လက်ရာပစ္စည်း (၂၄)ခုကိုလည်း ပါဝင်ပြသထားတဲ့လို့ သိရပါတယ်။
Credit : Irrawaddy
ပြန်လည်မျှဝေပါတယ်
လေးစားလျှက်
Myat Htut

No comments:
Post a Comment