(၁) အစိမ်းရောင်များများစားပါ။
အစိမ်းရောင်ဟင်းသီးဟင်းရွက် များစားပေးခြင်း က ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။ အထူး သဖြင့် ပန်းဂေါ်ဖီစိမ်းထဲတွင်ပါရှိေ သာ ဓာတုဓာတ်ပေါင်း စုက အအေးမိ၍တုပ်ကွေးနှင့်ကူးစက် ဖျားနာများကို ချင်း (ဂျင်း) ကောင်းစွာတိုက်ထုတ်ပေးနိုင် သဖြင့် ပန်းဂေါ်ဖီစိမ်း ကို ဂျင်းဓားပြားရိုက်၍ ရောနှောကြော်စားရန် Cambridge တက္ကသိုလ်ရှိ အာဟာရဗေဒ ပညာရှင်များက အကြံပြုထား ကြ၏။
(၂) အားဆေးမှီဝဲပါ။
အအေးမိတုပ်ကွေးဖျားနာခြင်း အတွက်
ဗီတာမင်စီ တစ်ခုတည်း မလုံလောက်ပါ ဘူး။ ဗီတာမင်ဒီအပါအဝင် တခြားဗီတာမင်နှင့်
သတ္တုဓာတ်တို့ ပါဝင်သော အစားအ သောက်များ မျှတစွာစားပေးရပါမယ်။
ကျွန်မတို့နေ့စဉ် စားသောက်သော အစားအစာများထဲတွင် ထိုဓာတ်များ
တစ်ပြိုင်နက်တည်း လုံလောက်စွာမရနိုင်သဖြင့် ဖြည့်စွက် စာအဖြစ်
အားဆေးမှီဝဲပေးဖို့လိုပါတယ် ။
(၃) အိပ်ရေးဝဝအိပ်ပါ။
တစ်နေ့လျှင် ရှစ်နာရီနှင့်အထက် အိပ်ရေးဝဝအိပ် စက်ခြင်းက သွေးတိုး ရောဂါနှင့် အဝလွန်ခြင်းကိုကာကွယ် ပေးရုံသာမက အအေးမိနှာစေးကဲ့သို့ အသက်ရှူလမ်း ကြောင်းမှကူးစက်ရောဂါပိုးများကိုလည်း တိုက်ထုတ်ပေး နိုင်ပါတယ်။ ဒါ့ပြင် ခုနစ်နာရီထက် လျော့နည်းစွာအိပ် စက်သူများကို ရှစ်နာရီခြေအထက်အိပ်စက်သူများနဲ့ နှိုင်း ယှဉ်ပါက အအေးမိ ကူးစက်ရောဂါဖြစ်နိုင်ခြေအလားအ လာ သုံးဆမျှပိုကြောင်း အမေရိကန် ဆေးသုတေသီများက အကြံပြုထားပါတယ်။
(၄) ပဋိဇီဝဆေးဆောင်ထားပါ။
ယခုလိုမိုးဦးရာသီမှာ ကိုယ်ခံအားနည်းသောကလေး များနှင့် သက်ကြီးရွယ်အိုများတွင် ဗိုင်းရပ်စ်ပိုးကူးစက် လွယ်သဖြင့် အိမ်မှာအအေးမိတုပ်ကွေးဖျားနာပျောက်ဆေး အဆင်သင့်ဆောင်ထားပါ။ လိုအပ်ပါက အသက်ရှူလမ်း ကြောင်းမှ ကူးစက်ပိုး ၂ဝ ရာခိုင်နှုန်းမျှကာကွယ်ပေးသည့် Actimel (ခေါ်) ပဋိဇီဝဆေး ကြိုတင်တိုက်ကျွေးပေးပါ။
(၅) နံနက်စာ စားပါ။
နံနက္စာပံုမွန္စားသူမ်ားဟာန ံနက္စာလံုးဝမစားသူမ်ားထက္အေ အးမိကူး
စက်ရောဂါဖြစ်နိုင်ခြေနည်းပါးကြောင်း
Cardiff University ရှိ အမေရိကန်ဆေးတက္ကသိုလ်မှ အကြံပြုထားပါ တယ်။
အထူးသဖြင့် ကိုယ်ခံအားကောင်းစေရန် နံနက်စာ ထဲမှာ ဗီတာမင်ဘီအုပ်စုများ၊
သံဓာတ်နှင့်သွပ်ဓာတ်ပါရှိသောအစားအစာများကိုစားပေးကြရန် ဆေးသုတေသီ များက ထပ်လောင်းအတည်ပြုထားပါတယ်။
(၆) လက်ဆေးပါ။
ဆေးသိပ္ပံပညာရှင်များ၏ ဓာတ်ခွဲစမ်းသပ်ချက်များ အရ အအေးမိ ဗိုင်းရပ်စ်ပိုးရှိသော သူကိုင်တွယ်ထားသည့် တံခါးလက်ကိုင်ဘုများ ပေါ်တွင်ကျန်ရှိခဲ့ သည့် ဗိုင်းရပ်စ် ပိုးမွှားများသည် ၂၄ နာရီကျော်သည်အထိ အသက်ရှင် နိုင်ကြသည်ဟုဆို၏။ ထို့ကြောင့် အများသုံးတံခါးလက် ကိုင်ဘုများ၊ အရောင်းစင်တာရှိပစ္စည်းထည့်တွန်းလှည်း များ၊ တံခါးလက်ရန်းများကို တစ်ခါသုံးတစ်ရှူးဖြင့် ကိုင် တွယ်ပါ။ ¤င်းတို့ကိုကိုင်တွယ်ပြီးနောက် မိမိ၏ မျက်စိ၊ နှာခေါင်းတို့ကို မတို့ထိကြဘဲ ဆပ်ပြာသုံး၍ လက်စင်စင် ဆေးကြောပါ။
(၇) လက်ကို ဖွက်(ဝှက်)ထားပါ။
အအေးမိဝေဒနာခံစားရသူ၏ လက်-ခံတွင်း-နှာရည် တို့မှကူးစက်ပြန့်ပွား စေနိုင်သဖြင့် ရောဂါရှိသူ၏လက်နှင့် ¤င်း၏အခြားအသုံးအဆောင်ပစ္စည်းများကို မကိုင်တွယ် မထိမိပါစေနှင့်။ နှာချေချောင်းဆိုးသောအခါတွင်လည်း
ကျန်းမာရေးအသိဖြင့် လက် (သို့မဟုတ်) လက်ကိုင်ပဝါ (သို့မဟုတ်) တစ်ခါသုံး
တစ်ရှူးအုပ်ပါ။ ကလေးငယ်များ ကို ဖက်ရမ်းနမ်းရှုပ်ခြင်းမပြုရ။
(၈) ပလုတ် (အာလုတ်) ကျင်းပါ။
ရေအေးအေးဖြင့် ပလုတ်(အာလုတ်)ကျင်းခြင်းက လည်ချောင်း၊ လည်မျိုတို့မှအချွဲအကျိများ နှင့်
ဗိုင်းရပ်စ်များ ကိုသန့်စင်ပေးသဖြင့် ဂျပန်ရိုးရာကုထုံးများတွင် နံနက်အိပ်
ရာထ သွားမတိုက်မီတစ်ချိန်၊ နေ့လယ်စာနှင့်ညစာစားပြီးချိ န် စုစုပေါင်း တစ်နေ့သုံးကြိမ်မျှ ရေအေးဖြင့်အာလုတ်ကျင်းလေ့ရှိသည်။ ထိုသို့ပြုကျင့်ခြင်းက အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းကို ၃၆ ရာခိုင်နှုန်းမျှလျှော့ချပေး နိုင်သည်ဟု ဂျပန်ဆေးသု တေသီများက ဆို၏။
(၉) ဟင်းခတ်အမွှေးအကြိုင်ဆောင်ပါ ။
ငရုတ်သီးအခြောက်မှုန့်ထဲတွင် ပါရှိသော
capsaicin ဓာတ်ဟာ အင်းဆက်ပိုးမွှား များကိုသေစေသည့်အပြင်
အသက်ရှူလမ်းကြောင်းကို ပွင့်လန်းလာစေသလို ကြက် သွန်ဖြူထဲရှိ allicin
ဓာတ်ကလည်း အအေးမိဗိုင်းရပ်စ်ပိုး များကို တိုက်ဖျက်ပေးပါတယ်။ ထို့ပြင်
အအေးမိတုပ်ကွေး နှင့်ချောင်းဆိုးခြင်းအတွက် ချင်း(ဂျင်း)ပြုတ်ရည်က အ ကောင်းဆုံးဆေး တစ်ခွက်ဟု တရုတ်ဆေးသုတေသီများ က ဆိုထားပါတယ်။
(၁ဝ) အရက်အလွန်အကျွံမသောက်ပါနှင့် ။
အချို့သော ယမကာလုလင်များကလည်း မိုးအေး အေးကိုအကြောင်းပြ၍ အရက်ကိုဆေးဖြစ်ဝါးဖြစ်မှီဝဲ ကြ သည်။ လိုအပ်သည်ထက်ပိုမိုသောက်သုံးပါက အသည်း ကိုထိခိုက်စေသည့်အပြင် ပင်ပန်းအားယုတ်၍ အအေးမိ ကူးစက်ပိုးတို့ကို ခံနိုင်ရည်မရှိတော့ပေ။
(၁၁) ရေသောက်မပျင်းပါနှင့်။
ခန္ဓာကိုယ်တွင်းရေဓာတ်အလုံအေ လာက်ရရှိမှသာစားထားသမျှအာဟာ ရများကိုစုပ်ယူနိုင်ပြီး
ခွန်အားအဖြစ် ပြောင်းလဲပေးရုံသာမက ခန္ဓာကိုယ်တွင်း မသန့်စင်သော
အညစ်အကြေးများကို ချွေး၊ သွေး၊ သလိပ်၊ ဆီး၊ ဝမ်းအဖြစ်
ကူညီစွန့်ထုတ်ပေးပါတယ်။ ဓာတ်ကြီးလေးပါးညီမျှရင်ဖြင့်  ကိုယ်ခံအားကောင်း ကာ ပြင်ပကူးစက်ရောဂါများလည်း အလွယ်တကူဝင်မလာ နိုင်တော့ပါဘူး။
(၁၂) လမ်းမှန်မှန်လျှောက်ပါ။
တစ်နေ့လျှင် အနည်းဆုံးနာရီဝက်ခန့် လမ်းမှန်မှန် လျှောက်ခြင်းက ဇီဝကမ္မလုပ်ဆောင်ချက်ကို ကောင်းကျိုး ပြုပြီး ပြင်ပရောဂါများကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။
(၁၃) အဖြူရောင်သကြား ရှောင်ပါ။
အရောင်ချွတ်ထားသော အဖြူရောင်သကြားများက ကိုယ်ခံစွမ်းအားကို လုံးဝကောင်းကျိုးမပြုပါ။
(၁၄) မျက်လုံးကိုကာကွယ်ပါ။
အကယ်၍ အအေးမိ၊ တုပ်ကွေးရှိသူက မိမိရှေ့တွင် နှာချေလာပါက မျက်နှာကိုတစ်ဖက်သို့လွှဲထား လိုက်ပါ (သို့မဟုတ်) မျက်လုံးကိုပါ ပိတ်ထားပါ။ သင့်နှာခေါင်းသာ မက မျက်လုံးကလည်းလေထဲရှိဗိုင်း ရပ်စ်ပိုးများကိုစုပ်ယူ နိုင်စွမ်းရှိလို့ပါပဲ။
(၁၅) အကောင်းမြင်စိတ်ဓာတ်မွေးမြူ ပါ။
ဒေါသထွက်ခြင်း၊ အဆိုးမြင်စိတ် စသည့်စိတ်ပိုင်း ဆိုင်ရာအတက်အကျကြောင့် cortisol ဟော်မုန်းထွက်ရှိ လာကာ ထိုဓာတ်က ကိုယ်ခံစွမ်းအားကျဆင်းစေပါတ ယ်။
(၁၆) ယူကလစ်ပင်ကိုဆောင်ပါ။
ယူကလစ်ပင်၏ အဆီဟာ အအေးမိ၊ နှာစေး၊ ချောင်း ဆိုးခြင်းအတွက် ပိုးသတ်ဆေးအဖြစ် အလွန်အသုံးတည့် သည့်အတွက် ယူကလစ်ဆီကို ရှူဆေးအဖြစ်လည်းကောင်း၊ ယူကလစ်ပင်အရွက်နှင့်အကိုင်း တို့ကို ရေနွေးဖြောရေချိုး ၍လည်းကောင်း အီတလီနိုင်ငံရိုးရာကုထုံးများတွင် အသုံး ပြုလေ့ရှိကြ၏။
အထက်ပါနည်းလမ်း (၁၆) သွယ်ကို လက်ကိုင်ထား ၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင်ကို ကျန်းမာရေးအသိဖြင့်ကြိုတင်ကာကွယ်နိုင်ကြပါ စေကြောင်း။
==========================
မှီငြမ်း
(Professor Gßon Eccles of Cardiff University’s Common Cold Centre)
#YangonMediaGroup |
#ပေါက်ပေါက်
အစိမ်းရောင်ဟင်းသီးဟင်းရွက်
(၂) အားဆေးမှီဝဲပါ။
အအေးမိတုပ်ကွေးဖျားနာခြင်း
(၃) အိပ်ရေးဝဝအိပ်ပါ။
တစ်နေ့လျှင် ရှစ်နာရီနှင့်အထက် အိပ်ရေးဝဝအိပ် စက်ခြင်းက သွေးတိုး ရောဂါနှင့် အဝလွန်ခြင်းကိုကာကွယ် ပေးရုံသာမက အအေးမိနှာစေးကဲ့သို့ အသက်ရှူလမ်း ကြောင်းမှကူးစက်ရောဂါပိုးမျ
(၄) ပဋိဇီဝဆေးဆောင်ထားပါ။
ယခုလိုမိုးဦးရာသီမှာ ကိုယ်ခံအားနည်းသောကလေး များနှင့် သက်ကြီးရွယ်အိုများတွင် ဗိုင်းရပ်စ်ပိုးကူးစက် လွယ်သဖြင့် အိမ်မှာအအေးမိတုပ်ကွေးဖျားန
(၅) နံနက်စာ စားပါ။
နံနက်စာပုံမှန်စားသူများဟာန
စက်ရောဂါဖြစ်နိုင်ခြေနည်းပါ
(၆) လက်ဆေးပါ။
ဆေးသိပ္ပံပညာရှင်များ၏ ဓာတ်ခွဲစမ်းသပ်ချက်များ အရ အအေးမိ ဗိုင်းရပ်စ်ပိုးရှိသော သူကိုင်တွယ်ထားသည့် တံခါးလက်ကိုင်ဘုများ ပေါ်တွင်ကျန်ရှိခဲ့ သည့် ဗိုင်းရပ်စ် ပိုးမွှားများသည် ၂၄ နာရီကျော်သည်အထိ အသက်ရှင် နိုင်ကြသည်ဟုဆို၏။ ထို့ကြောင့် အများသုံးတံခါးလက် ကိုင်ဘုများ၊ အရောင်းစင်တာရှိပစ္စည်းထည့်တ
(၇) လက်ကို ဖွက်(ဝှက်)ထားပါ။
အအေးမိဝေဒနာခံစားရသူ၏ လက်-ခံတွင်း-နှာရည် တို့မှကူးစက်ပြန့်ပွား စေနိုင်သဖြင့် ရောဂါရှိသူ၏လက်နှင့် ¤င်း၏အခြားအသုံးအဆောင်ပစ္စည်
(၈) ပလုတ် (အာလုတ်) ကျင်းပါ။
ရေအေးအေးဖြင့် ပလုတ်(အာလုတ်)ကျင်းခြင်းက လည်ချောင်း၊ လည်မျိုတို့မှအချွဲအကျိများ
(၉) ဟင်းခတ်အမွှေးအကြိုင်ဆောင်ပါ
ငရုတ်သီးအခြောက်မှုန့်ထဲတွင်
(၁ဝ) အရက်အလွန်အကျွံမသောက်ပါနှင်
အချို့သော ယမကာလုလင်များကလည်း မိုးအေး အေးကိုအကြောင်းပြ၍ အရက်ကိုဆေးဖြစ်ဝါးဖြစ်မှီဝဲ
(၁၁) ရေသောက်မပျင်းပါနှင့်။
ခန္ဓာကိုယ်တွင်းရေဓာတ်အလုံအေ
(၁၂) လမ်းမှန်မှန်လျှောက်ပါ။
တစ်နေ့လျှင် အနည်းဆုံးနာရီဝက်ခန့် လမ်းမှန်မှန် လျှောက်ခြင်းက ဇီဝကမ္မလုပ်ဆောင်ချက်ကို ကောင်းကျိုး ပြုပြီး ပြင်ပရောဂါများကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။
(၁၃) အဖြူရောင်သကြား ရှောင်ပါ။
အရောင်ချွတ်ထားသော အဖြူရောင်သကြားများက ကိုယ်ခံစွမ်းအားကို လုံးဝကောင်းကျိုးမပြုပါ။
(၁၄) မျက်လုံးကိုကာကွယ်ပါ။
အကယ်၍ အအေးမိ၊ တုပ်ကွေးရှိသူက မိမိရှေ့တွင် နှာချေလာပါက မျက်နှာကိုတစ်ဖက်သို့လွှဲထား
(၁၅) အကောင်းမြင်စိတ်ဓာတ်မွေးမြူ
ဒေါသထွက်ခြင်း၊ အဆိုးမြင်စိတ် စသည့်စိတ်ပိုင်း ဆိုင်ရာအတက်အကျကြောင့် cortisol ဟော်မုန်းထွက်ရှိ လာကာ ထိုဓာတ်က ကိုယ်ခံစွမ်းအားကျဆင်းစေပါတ
(၁၆) ယူကလစ်ပင်ကိုဆောင်ပါ။
ယူကလစ်ပင်၏ အဆီဟာ အအေးမိ၊ နှာစေး၊ ချောင်း ဆိုးခြင်းအတွက် ပိုးသတ်ဆေးအဖြစ် အလွန်အသုံးတည့် သည့်အတွက် ယူကလစ်ဆီကို ရှူဆေးအဖြစ်လည်းကောင်း၊ ယူကလစ်ပင်အရွက်နှင့်အကိုင်း
အထက်ပါနည်းလမ်း (၁၆) သွယ်ကို လက်ကိုင်ထား ၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင်ကို ကျန်းမာရေးအသိဖြင့်ကြိုတင်က
==========================
မှီငြမ်း
(Professor Gßon Eccles of Cardiff University’s Common Cold Centre)
#YangonMediaGroup |
#ပေါက်ပေါက်

No comments:
Post a Comment