Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 18, 2014

ဇူလိုင်၁၉ ရက်နေ့အာဇာနည်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဥသြဆွဲခြင်းပြုလုပ်သွားမည်

ဇူလိုင်၁၉ရက်နေ့တွင်ကျရောက်သည့် ၆၇ကြိမ်မြောက်အာဇာနည်နေ့ နံနက်၁၀နာရီ ၃၇ မိနစ်တွင် ဥသြဆွဲခြင်းအစီအစဉ်ကို မြန်မာ့မီးရထား၊မီးသတ်ဦးစီးဌာန စသည့်ဌာနဆိုင်ရာအစီအစဉ်များဖြင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်လည်း မိမိတို့အစီအစဉ်ဖြင့် ဥသြဆွဲမည့်အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
၆၇ နှစ်မြောက်အာဇာနည်နေ့ဖြစ်သော ဇူလိုင် ၁၉ရက် မနက်ဖန်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသောအချိန်ဖြစ်သည့် နံနက် ၁၀နာရီ ၃၇မိနစ်တွင် စက်ရုံအလုပ်ရုံများနှင့် မီးသတ်တပ်ဖွဲ့စခန်းများ တွင် သြဥဆွဲခွင့်ပေးထားကြောင်း တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာဂရု(ပ်)သို့ပြောသည်။ နိုင်ငံတော်သမ္မတက စက်ရုံ အလုပ်ရုံများနှင့် မီးသတ်စခန်းများတွင် ဥသြဆွဲရန်ညွှန်ကြားထားကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမီးသတ်တပ်ဖွဲ့စခန်းများကလည်း အဆိုပါ သတင်းဟုတ်မှန်ကြောင်းအတည်ပြုသည်။
ထို့အပြင် အဆိုပါအချိန်တွင် မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားတို့တွင် ကျဆုံးရဲဘော်ခရာမှုတ်ခြင်းနှင့် အလံ တိုင်တစ်ဝက်လွှင့်ထူခြင်းတို့ကို ယခင်နှစ်ကဲ့သို့ပင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
`ဒီအစီအစဉ်က မနှစ်ကတည်းက စတာပါ။ဒီနှစ်လဲ မြန်မာ့အသံနဲ့မြန်မာ့ရုပ်မြင်သံကြားမှထုတ်လွှ့င်ပြ သမှာဖြစ်ပါတယ်။ ဥသြဆွဲတာမဟုတ်ပါဘူး။ကျဆုံးရဲဘော်ခရာမှုတ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုမှာဖြစ်ပါတယ်။`ဟု ထိုအရာရှိကဆက်လက်ပြောကြားသည်။

ဓါတ်ပုံဒီဇိုင်း- ဒီဇိုင်နာနဂါး

No comments:

Post a Comment