"သတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ်ချတယ်ဆိုတာ လွန်တယ်လို့ထင်ပါတယ်... ပြန်လည်သုံးသပ်သင့်ပါတယ်"
သတင်းထောက်ကိစ္စကတော့ ကျွန်မနေနဲ့ ထောင်ဒဏ် ၁၀နှစ် ချတယ်ဆိုတာ အင်မတန်မှပဲ လွန်တယ်လို့ ကျွန်မထင်တယ်၊ ဒါကတော့ ကျွန်မတို့ ဥပဒေအရ ပြန်ပြီးတော့ သုံးသပ်ရဦးမှာပေါ့လေ။
ကျွန်မက စိုးရိမ်တာ ဒီလိုပါ၊ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးကို လုပ်နေတယ်ဆိုပြီးတော့ သတင်းထောက်တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ချုပ်တည်းလာတယ်ဆိုရင် ကျွန်မတို့ စဉ်းစာစရာပဲ။
ဒါပေမယ့် နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ ဆိုင်တယ်လို့ ပြောပါတယ်၊ လုံခြုံရေးနဲ့ ဆိုင်တယ်ဆိုတာ ကျွန်မလက်မခံလို့ တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်မ ထပ်တလဲလဲ ပြောတဲ့ ကိစ္စက ဒီမိုကရေစီစနစ်ရဲ့ အောက်မှာဆိုရင် လုံခြုံရေးနဲ့ လွတ်လပ်ရေး နှစ်ခုမှာ ချိန်ခွင်လျှာညီမျှနေရမယ်။
လုံခြုံရေး၊ လုံခြုံရေးဆိုပြီးတော့ လွတ်လပ်ရေး ကို ကန့် ကွက်လို့လဲ မဖြစ်ဘူး၊ လွတ်လပ်ရေး၊ လွတ်လပ်ရေးဆိုပြီးတော့ လုံခြုံရေးကို လေ့လျှူ ရှုလို့လဲမရဘူး၊ ဒီနှစ်ခုဟာ ချိန်ခွင်လျှာညီမျှရမယ်။
အဲတော့ ဒီသတင်းထောက်တွေကို ၁၀နှစ်တာ ထောင်ဒဏ်ချတာနဲ့ ပါတ်သက်လို့ တော့ ပြန်ပြီးတော့ သုံးသပ်သင့်တယ်လို့ ကျွန်မရဲ့ ပုဂ္ဂိုတစ်ဦးတစ်ယောက်ရဲ့ အမြင်ပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်

No comments:
Post a Comment