၈၈ အရေးအခင်း မတိုင်မှီ (၈၆ လောက်က ထင်ပါတယ်) မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဦးခင်မောင်တင့် (စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်)က အာဇာနည်နေ့ အကြိုဟောပြောပွဲတစ်ခုမှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှ စကားတစ်ခွန်းကို ယနေ့တိုင် အမှတ်ရနေပါတယ်။ ဆရာကြီးက….အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ လုပ်ကြံ မခံခဲ့ရဘူးဆိုရင် ယနေ့ မြန်မာနိုင်ငံဟာ အနည်းဆုံး တောင်ကိုးရီးယားနိုင်ငံအဆင့်မှာ ရှိနေပါလိမ့်မယ်…လို့ ပြောခဲ့ပါတယ်။ ၈၆ ဝန်းကျင်လောက်က ဆရာကြီး ပြောခဲ့တဲ့ စကားပါ။
အဲဒီလိုသာ ဖြစ်ခဲ့ရင် မြန်မာနိုင်ငံမှာ ဖိနှိပ်အုပ်ချုပ်တဲ့ တစ်ပါတီအာဏာရှင်စနစ်တို့ စစ်အာဏာရှင်စနစ်တို့ ဆိုတာလည်း ပေါ်ပေါက်လာနိုင်ဖွယ် မရှိတော့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းလည်း နိုင်ငံတော်သမ္မတ ဦးအောင်ဆန်း သို့မဟုတ် နိုင်ငံတော်ဝန်ကြီးချုပ် ဦးအောင်ဆန်းအဖြစ် အိန္ဒိယဝန်ကြီးချုပ် ဂျာဝါဟာလားလ်နေရူးတို့လို
အဲဒီလိုသာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်
ဂျာဝါဟာလားလ်နေရူးရဲ့ သမီး အင်ဒီရာဂန္ဒီ ဝန်ကြီးချုပ်ဖြစ်ခဲ့သလို မျိုးရိုးလည်းရှိ ပင်ကိုယ်လည်း ထက်မြတ်တဲ့ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်လည်း ငြိမ်းချမ်းရေး နိုဗယ်ဆုကို ရနိုင်မယ့် အခွင့်အလမ်း မရှိနိုင်တော့ပေမယ့် နိုင်ငံတော်သမ္မတ သို့မဟုတ် နိုင်ငံတော်ဝန်ကြီးချုပ်အြ
အဲဒီလိုသာဆိုရင် ရာစုနှစ် ထက်ဝက်ကျော် ကြာခဲ့တဲ့ အမှောင်ခေတ်ကြီး မြန်မာနိုင်ငံမှာ ရှိခဲ့မှာ မဟုတ်သလို တပ်မတော်အနေနဲ့လည်း ပြည်သူချစ်တဲ့ တပ်မတော်အဖြစ်မှ ပြည်သူ့ချဉ်ဖတ် တပ်မတော်အဖြစ်ကို လျှောကျခဲ့မှာ မဟုတ်ပါဘူး။ တစ်ခုတော့ ရှိပါတယ်။ စစ်ဗိုလ်ကြီးတွေအနေနဲ့ လူဗြိန်းအမြင် ကြွယ်ဝချမ်းသာလှချည့်ရဲ့ ဆိုတဲ့ ယခုလို အပါယ်ရိက္ခာ စုဆောင်းခွင့်တွေတော့ လက်လွတ် ဆုံးရှုံးသွားပါလိမ့်မယ်။
ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့။ ပြီးခဲ့တာ ပြီးပါစေတော့။ အပါယ်ရိက္ခာ စုဆောင်းတာတွေကို ရပ်စေချင်ပါပြီ။ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာအတွက် ကောင်းမြတ်သော ရိက္ခာကိုသာ စုဆောင်းစေချင်ပါတယ်။ နောက်မကျသေးပါ။ ကောင်းမြတ်သော ရိက္ခာကို စုဆောင်းဖို့ အချိန် ရှိပါသေးတယ်။
နောင်နှစ်ပေါင်း ငါးဆယ် ကြာလာတဲ့အခါမှာ နောင်လာမယ့် မျိုးဆက်တွေကို အကယ်၍သာ ဆိုတဲ့ အမွေကို မထားခဲ့စေချင်တော့လို့ပါ။ နောင်မျိုးဆက်တွေအနေနဲ့ အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ ဖြစ်ခဲ့ရင် ဆိုတာမျိုး ပြန်လည် တမ်းတကြရမယ့် အဖြစ်ကို မရောက်စေချင်တော့လို့ပါ။
ယခု လာမယ့် ၂၀၁၅ မှာ ပြည်သူတွေ လိုလားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဧကန်မုချ နိုင်ငံတော်သမ္မတ ဖြစ်လာသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခြင်း မဖြစ်ခြင်း ဆိုတာက ဒေါ်အောင်ဆန်းစုကြည်အတွက် သိပ်ပြီး အရေးကြီးချင်မှ အရေးကြီးပါလိမ့်မယ်။ သို့သော် တိုင်းပြည်ရဲ့ ကံကြမ္မာအတွက်တော့ သိပ်ကို အရေးကြီးနေတာ အမှန်ပါပဲ။
ယခု ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေ အရှိန်အဟုန် ကောင်းလာချိန်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် မဟုတ်ပါဘူးလို့ ပြောဆိုသံတွေလည်း ကြားလာရပါတယ်။ ဒါဆိုရင် မေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မဟုတ်ရင် ဘယ်စစ်ဗိုလ်ကို သမ္မတ တင်ချင်သေးလို့ပါလဲ။
အကောင်းဆုံးကိုသာ ရွေးချယ်ချင်တာ လူ့သဘာဝ မဟုတ်ပါလား။ အကောင်းဆုံးရှိပါရက်နဲ့ အညံ့စားကို ထိုးတင်နေမယ်ဆိုရင် သဘာဝကျပါအုံးမလား။ ဒါကြောင့် ကာယကံရှင်တွေအနေနဲ့ ကိုယ့်အတိုင်းအတာ ကိုယ်သိဖို့ လိုပါတယ်။ ကိုယ့်အတိုင်းအတာ ကိုယ်သိပြီး အသာတကြည် နောက်ဆုတ်ပေးလိုက်တာက အားလုံးအတွက် ကောင်းပါတယ်။
လူထုမျက်နှာနဲ့ တိုင်းပြည်မျက်နှာကို ထောက်ထားကြစေချင်ပါတယ်။ မတရား အခြေခံဥပဒေကို ဗန်းပြ၊ စကားလုံးလှလှတွေနဲ့ ဟန်ဆောင်အကြောင်းပြထားတဲ့ ကိုယ့်ရဲ့ အပုပ်နံ့လွှမ်းတဲ့ အတွင်းစိတ်ကို အပြင်ကို လှစ်ပြသလို လုပ်တာဟာ အရှက်ရစရာပါ။ ဣဿာမထား မုဒိတာ ပွားကြစေချင်ပါတယ်။ တိုင်းပြည်အရေးမို့ပါ။ နောက်ထပ် အကယ်၍သာတွေနဲ့ အနာဂတ်မျိုးဆက်တွေကို မဆုံဆည်းစေချင်တော့လို့ပါ
အသာတကြည် နောက်မဆုတ်ရင် နောက်ဆုတ်အောင် တွန်းရမယ့် အခြေအနေတွေ ရောက်လာနိုင်ပါတယ်။ တွန်းရုံနဲ့ မရွေ့ရင် ရှေ့ကပါ ဆွဲရမယ့်သဘော ဖြစ်လာနိုင်စရာ ရှိပါတယ်။ နောက်ကလည်းတွန်း ရှေ့ကလည်းဆွဲရမယ့် အနေအထားမျိုးအထိ ဖြစ်လာရင် မကောင်းတော့ပါ။ မနိုင်ကာမှ လျှော့လိုက်ရတဲ့ အခြေအနေအထိ မရောက်စေသင့်ပါ။
တချို့က ပြောကြတယ်။ ယခု လူထုလက်မှတ် စုဆောင်းကောက်ယူနေမှုတွေဟာ လမ်းရိုးကြီးပါတဲ့။ ဟုတ်ပါတယ်။ ဘယ်တော့မှ မရိုးနိုင်တဲ့ လမ်းရိုးကြီးပါ။ လူထုအနေနဲ့ တခြားအား မရှိပါ။ လူထုအတွက် လူထုအားသာ ရှိပါတယ်။ လူထုအားသာလျှင် လူထုအတွက် အားကိုးရာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ လူထုအားကို ထိရောက်စွာ အသုံးမချနိုင်ခဲ့ရင် နောင်မျိုးဆက်တွေလည်း အကယ်၍သာတွေ ရေရွတ်ရင်း အတိတ်ကို တမ်းတရမှု သံသရာမှ လွတ်လမ်း မမြင်မိကြောင်းပါ။
ဒါကြောင့်မို့ အပေါ်ယံ ကွဲလွဲမှုတွေကို ခေတ္တခဏ ဘေးဖယ်ထားလိုက်ကြပါ။ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်မူကို အခြေခံတဲ့ ဒီမိုကရေစီနိုင်ငံတော် ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ပြည်သူပြည်သားများအားလုံး စည်းလုံးညီညွတ်ကြဖို့ အချိန်ရောက်ပြီ ဖြစ်ပါကြောင်း နှိုးဆော်မှု ပြုချင်ပါတယ်။
မိုးမခ > http://moemaka.com/
(အာဇာနည်ခေါင်းဆောင်ကြီးမျာ

No comments:
Post a Comment