( ၁ ) အုတ်ဂျုံ (Oats)
အုတ်ဂျုံ (Oats)ဟာအရသာ ကောင်းမွန်ရုံမကပဲ အစာစားချင်စိတ်ကို လျှော့ကျစေပါတယ်။ အုတ်ဂျုံ (Oats)တွင် အမျှင်ဓါတ်များစွာပါဝင်ပြီး
Cholesterol levels (ကိုလက်စထရော) တည်ငြိမ်စေပါတယ်။ သွေးထဲတွင် ကိုလက်စထော စုပ်ယူမှုကို ဟန့်တားပေးပါတယ်။ နှလုံးရောဂါလည်းကာကွယ်ပေးပါ တယ် ။ အုတ်ဂျုံ (Oats) မှာ အမျှင်ဓာတ် ပါဝင်မှု ရာခိုင်နှုန်း မြင့်မားခြင်း၊
ဗိုက်တာမင် B (အထူးသဖြင့် B-1)၊ E တို့ များစွာ ပါဝင်လျက် ရှိပါတယ်။
အမျှင်ဓာတ်များစွာ ပါဝင်ခြင်းကြောင့် ဂလူးကို့စ် စုတ်ယူနိုင်မှုကို
နှေးကွေးစေပါတယ်။ သွေးထဲရှိ သကြားပါဝင်မှု ပမာဏကို တည်ငြိမ်စေပါတယ်။
( ၂ ) ဥများ
ဥများမှာ အသားဓါတ်များစွာပါဝင်ပါတယ်။ ဥများကိုစားသုံးခြင်းဖြင့် ကြွက်သားများတည်ဆောက်မှုကို ကောင်းမွန်စေပြီး ကောင်သော ကိုလက်စထရော များကို ဖြစ်ပေါစေပါသည်။
( ၃ ) ပန်းသီး
ပန်းသီမှာ အလွန်ပြည့်ဝတဲ့ Antioxidants နှင့် အခြား ဖြည့်စွက်အဟာရများစွာပါဝင်ပါတယ်။
ပန်းသီးဟာ သွေးထဲရှိ မကောင်းတဲ့ အဆီဓာတ်ကို ခန္ဓာကိုယ်တွင်းမှ
စွန့်ထုတ်ပေးနိုင်ရုံသာမက သူ့မှာပါဝင်တဲ့ ပက်တင်(Pectin)ဆိုတဲ့ ဓာတ်ကြောင့်
အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေနဲ့ အစာတွေကို လျှော့ကျစေတဲ
့အာနိသင်လည်းရှိပါတယ်။ဒါကြောင့် အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ကိုင်တွယ်အလုပ်လုပ်ရသူတွေ ဆေးလိပ်သောက်သူတွေကို ပန်းသီးမှန်မှန်စားသုံးသင့် ပါတယ်။
ပန်းသီးကိုပါးပါးလှီး ရေသုံးဆနဲ့ ထည့်ပြီးဆူအောင်တည် ပြီးရင်နွေးအောင်ထားပြီးသော က်ပါက ကျောက်ကပ်နဲ့ ဆီးအိမ်မှာတည်တဲ့ ကျောက်ကိုလည်း ကျေစေပါတယ်။ပန်းသီးစားသုံြး ခင်းဖြင့်
သွေးအားနည်းရောဂါ သွေးတိုးရောဂါ နှလုံးရောဂါ အူရောင်ခြင်းတို့ကို
သက်သာပျောက်ကင်းစေပါတယ်။ ပန်းသီးကို အခွံမနွှာပဲစားရင် ချောင်းဆိုး ပန်းနာ
ရင်ကျပ်ပါ ပျောက်စေပါတယ်။
( ၄ ) အစိမ်းရောင်ငရုတ်သီးများ
အစိမ်းရောင်ငရုတ်သီးများ တွင် Capsaicin ဟုခေါ်သော ဓါတ်တစ်မျိုးပါရှိပြီး ထိုဓါတ်ဟာ ကိုယ်ခန္ဓာကြီးထွားစေတဲ့ ဆဲလ်လေးများကို ကြီးထွားသန်မာစေပြီး မကောင်းသော ကိုလက်စထော များကို လျှင်မြန်စွာပျက်စီးစေပါသည် ။
Caspsaicin နဲ့ ဆက်စပ်နေတဲ့ ဒြပ်ပေါင်းတွေဟာ ဝမ်းဗိုက် အဆီလျော့ကျအောင်
ကူညီပေးပါတယ်။ ငရုတ်သီးပါဝင်တဲ့ နေ့လယ်စာ စားသူတွေမှာ
သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်း (Insulin) မြင့်တက်စေပြီး
အစာဆာလောင်စိတ်များတဲ့ ဟော်မုန်း (Ghrelin)ကျဆင်းစေပါတယ်။
ငရုတ်သီးတွင်ပါသော Capsaicinသည် ဆီးကျိတ်ကင်ဆာရောဂါသာမက၊
အခြားကင်ဆာရောဂါများအတွက်လည်း
သက်သာပျောက်ကင်းစေသော အာနိသင်များပါဝင်ပါတယ်။ ပူစပ်တဲ့ အရသာရှိတဲ့
Capsaicin ဟာနာကျင်မှု သက်သာစေတာကြောင့် ကြွက်သား နာကျင်ခြင်း၊အသား
နာကျင်ခြင်း နဲ့ အဆစ်ရောင် ရောဂါတွေ သက်သာ စေပါတယ်။
( ၅ ) ကြက်သွန်ဖြူ
ကြက်သွန်ဖြူ မှန်မှန် စားသုံးပေးရင် ကိုလက်စထရော စုစုပေါင်းပမာဏကို ကျစေသလို ဆိုးကျိုးများစွာ ပေးနိုင်မယ့် ထရွိုင်ဂလစ်စရွိုက် (Triglyceride) ကိုလက်စထရော အမျိုးအစားကို စားသုံးမှု အနည်းအများ အလိုက် ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရပါတယ်။ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်လေဖျန်း ရောဂါများ၊ ကင်ဆာရောဂါများ စတဲ့ ရောဂါ အတော်များများကို သွယ်ဝိုက်ကာကွယ် တားဆီးပေးပါတယ်။ ထိုအတူကြက်သွန်ဖြူ စားခြင်းဟာ ကိုယ်ခံအားကိုကောင်းစေသလို၊ သွေးတိုးရောဂါကိုလည်းလျှော့ ချပေးပါတယ်။
( ၆ ) ပျားရည်
ပျားရည်ဟာ အဆီကို ကျစေတဲ့ အကောင်းဆုံးအစားအစာတစ်ခုပါ။ ပျားရည်ထဲသို့ ရေပူပူလေးရောကာ မနက်တိုင်းသောက်သုံးပေးခြင်းဖြင့် အဆီများကို အလျှင်အမြန်လောင်ကျွမ်းစေနိုင်ပါတယ်။
ပျားရည်ဟာလူတွေရဲ့ ခန္ဓာကိုယ် ကို ခွန်အားနဲ့ စွမ်း အင်တွေကို
တိုးပွားစေပါတယ် ။ ဒါကြောင့် ပျားရည်ကို စွမ်းဆောင်ရည်မြင့်မားစေဖို့  အပြင် ကြွက်သားများညောင်းညာခြင်း ၊ မောပမ်းနွမ်းနယ်ခြင်းတွေကို လည်းသက်သာစေပါတယ်။ ပျားရည်ရဲ့
ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့  ဘတ်တီးရီးယားပိုးမွှားတွေကို သတ်နိုင် တဲ့အစွမ်းက အစာအိမ်နဲ့အူလမ်းကြောင်းကို တိုးတက်ကောင်းမွန်စေပြီး သင့်ကိုကျန်းမာပျော် ရွင်စေနိုင် ပါတယ်။
( ရ ) လက်ဖက်စိမ်း( Green Tea )
Green Tea ဟာ ကိုယ်ခန္ဓာအဆီကျစေဖို့ အလွန်ကောင်းမွန်ပါတယ်။ Green Tea တစ်နေ့၂ခွက်သောက်သုံးပေးခြင်းဖြင့် အလွန်ကောင်းမွန်သောအကျိုးကိုခံစားရစေမှာပါ။
ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ သူဟာ
လက်ဖက်စိမ်းလက်ဖက်ရည်ကို ပုံမှန် သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊
ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ြေ ကာင်းသိရှိရပါတယ်။Green
Tea ဟာ ကင်ဆာကို ကာကွယ်နိုင်ခြင်း၊ လေဖြတ်နိုင်ခြေ လျော့နည်းခြင်းစသည့်
အာနိသင်ရှိပါတယ်။ Green Tea သောက်ခြင်းဖြင့်လည်း ဦးနှောက်ကို ပိုမို
အားကောင်းစေပါတယ်။
( ၈ ) ဂျုံမြက်နု ( Wheat Grass )
Wheat Grass ကိုစားသုံးခြင်းဖြင့် မိမိခန္ဓာကိုယ် ဇီဝဖြစ်စဉ်ပြောင်းလည်းမှုကို တိုးတက်စေပြီး အဆီကို ပိုကျစေပါတယ်။ Wheat Grass သည် လူသားတို့အား ကျန်းမာသန်စွမ်းအသက်ရှည်စေရ န်နှင့် စိတ်ကြည်လင်လန်းဆန်းစွာ ဘဝရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်နိုင်ရန် အာမခံချက်ပေးနိုင်သောအပင်တစ်မျိုး ဖြစ်ပါသည်။
( ၉ ) ခရမ်းချဉ်သီး
ခရမ်းချဉ်သီး ဟာလည်း အဆီကမြန်မြန်ကျစေသောအသီးတစ် မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးနေတိုင်းပုံမှန်စားသုံးပေးခြင်းဖြင့်
အဆီကျစေသလို ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဟာ အရေပြားအတွက်
အသားခြောက်ခြင်း၊ အသားပက်ခြင်းတို့ကို နည်းစေပြီး အစိုဓါတ်ကို
ထိမ်းထားပေးသဖြင့် လှပသောအသားအရေကိုလည်း ပိုင်ဆိုင်စေနိုင်ပါတယ်။
( ၁၀ ) အမည်းရောင်ချောကလက်စစ်စစ်
Dark Chocolateကိုစားခြင်းဖြင့်လ ည်း အဆီကိုကျစေနိုင်ပါတယ်။Dark Chocolate မှာအဆီပါဝင်ပေမယ့်လည်း ထိုအဆီများဟာလူ့ခန္ဓာကိုယ်အား မ၀စေပါဘူး။ Dark Chocolate ကိုစားသုံးခြင်းဖြင့် သွေးထဲတွင် Serotonin ဟုခေါ်သောဓါတ်များတိုးပွားစေ ပြီး အဆီကိုကျစေတာပါ။ ထို့ အတူ Dark Chocolateကိုစားခြင်းဖြင့်လ ည်း
သွေးဖိအားကိုလျှော့ ကျစေနိုင်ပါတယ်။ Dark Chocolate သည် Flavonoids
ဓာတ်များပါဝင်ပြီး သင်၏သွေးကြော များ ကိုပျော့ပြောင်း စေပြီး မာကြော
သောသွေး ကြောများကြောင့် ဖြစ်ပွားရသော သွေးဖိအားမြင့်မား မှုကို
လျော့ချပေးသည်။
=====================
Happy Mom Pregnancy Pillow
အုတ်ဂျုံ (Oats)ဟာအရသာ ကောင်းမွန်ရုံမကပဲ အစာစားချင်စိတ်ကို လျှော့ကျစေပါတယ်။ အုတ်ဂျုံ (Oats)တွင် အမျှင်ဓါတ်များစွာပါဝင်ပြီး
Cholesterol levels (ကိုလက်စထရော) တည်ငြိမ်စေပါတယ်။ သွေးထဲတွင် ကိုလက်စထော စုပ်ယူမှုကို ဟန့်တားပေးပါတယ်။ နှလုံးရောဂါလည်းကာကွယ်ပေးပါ
( ၂ ) ဥများ
ဥများမှာ အသားဓါတ်များစွာပါဝင်ပါတယ်။
( ၃ ) ပန်းသီး
ပန်းသီမှာ အလွန်ပြည့်ဝတဲ့ Antioxidants နှင့် အခြား ဖြည့်စွက်အဟာရများစွာပါဝင်ပ
ပန်းသီးကိုပါးပါးလှီး ရေသုံးဆနဲ့ ထည့်ပြီးဆူအောင်တည် ပြီးရင်နွေးအောင်ထားပြီးသော
( ၄ ) အစိမ်းရောင်ငရုတ်သီးများ
အစိမ်းရောင်ငရုတ်သီးများ တွင် Capsaicin ဟုခေါ်သော ဓါတ်တစ်မျိုးပါရှိပြီး ထိုဓါတ်ဟာ ကိုယ်ခန္ဓာကြီးထွားစေတဲ့ ဆဲလ်လေးများကို ကြီးထွားသန်မာစေပြီး မကောင်းသော ကိုလက်စထော များကို လျှင်မြန်စွာပျက်စီးစေပါသည်
( ၅ ) ကြက်သွန်ဖြူ
ကြက်သွန်ဖြူ မှန်မှန် စားသုံးပေးရင် ကိုလက်စထရော စုစုပေါင်းပမာဏကို ကျစေသလို ဆိုးကျိုးများစွာ ပေးနိုင်မယ့် ထရွိုင်ဂလစ်စရွိုက် (Triglyceride) ကိုလက်စထရော အမျိုးအစားကို စားသုံးမှု အနည်းအများ အလိုက် ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရပါတယ်။ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်လေဖျန်း ရောဂါများ၊ ကင်ဆာရောဂါများ စတဲ့ ရောဂါ အတော်များများကို သွယ်ဝိုက်ကာကွယ် တားဆီးပေးပါတယ်။ ထိုအတူကြက်သွန်ဖြူ စားခြင်းဟာ ကိုယ်ခံအားကိုကောင်းစေသလို၊
( ၆ ) ပျားရည်
ပျားရည်ဟာ အဆီကို ကျစေတဲ့ အကောင်းဆုံးအစားအစာတစ်ခုပါ။
ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ
( ရ ) လက်ဖက်စိမ်း( Green Tea )
Green Tea ဟာ ကိုယ်ခန္ဓာအဆီကျစေဖို့ အလွန်ကောင်းမွန်ပါတယ်။ Green Tea တစ်နေ့၂ခွက်သောက်သုံးပေးခြင
( ၈ ) ဂျုံမြက်နု ( Wheat Grass )
Wheat Grass ကိုစားသုံးခြင်းဖြင့် မိမိခန္ဓာကိုယ် ဇီဝဖြစ်စဉ်ပြောင်းလည်းမှုကိ
( ၉ ) ခရမ်းချဉ်သီး
ခရမ်းချဉ်သီး ဟာလည်း အဆီကမြန်မြန်ကျစေသောအသီးတစ်
( ၁၀ ) အမည်းရောင်ချောကလက်စစ်စစ်
Dark Chocolateကိုစားခြင်းဖြင့်လ
=====================
Happy Mom Pregnancy Pillow
No comments:
Post a Comment