Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 30, 2014

ချစ်သူဆရာဝန်မိန်းကလေးကို ဓားဖြင့် ၁၁ ချက် ထိုးသတ်


အခင်းဖြစ်ပွားသည့် မိန်းကလေးနေအိမ် (ဓာတ်ပုံ - ကံသာ)
ရှစ်နှစ်ကြာလက်တွဲလာခဲ့သည့် ချစ်သူဆရာဝန် မိန်းကလေးကို လူမှုရေးပြဿနာကြောင့် ဓားဖြင့် ၁၁ ချက်ထိုး၍ သတ်ခဲ့မှု မူဆယ်မြို့တွင် ဇွန်လ ၂၉ ရက်ညကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 ‘‘ကောင်မလေးအိမ်မှာပဲ လူသတ်မှုဖြစ်တာပါ။ သတ်တဲ့လူ ကိုယ်တိုင်ရဲစခန်းကို လာအဖမ်း ခံတာပါ။ ကောင်လေးက နိုင်ငံ ခြားက ပြန်လာတာ ရက်ပိုင်းပဲရှိ သေးပြီး သူတို့ချင်းလူမှုရေးပြဿ နာကြောင့် သတ်တာလို့ဝန်ခံပါ တယ်’’ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

 သေဆုံးသူအမျိုးသမီးမှာ ဆရာဝန်တစ်ဦးဖြစ်ပြီး အသက်(၂၆) နှစ်ရှိပြီဖြစ်ကာ ၎င်းနေထိုင်ရာ မူဆယ်မြို့တောင်ရပ်ကွက်နေအိမ်တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။
လူသတ်မှုကျူးလွန်သူ အမျိုးသားမှာ အသက် (၃၀) အရွယ်ရှိ ပြီး ၎င်းကိုမူဆယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကာ လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။
7DayDaily

No comments:

Post a Comment