Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 1, 2014

အနုမြူကားတွေပြန်လာပြီ၊ ကားတစ်စီးကို နှစ် ၁၀၀ ကြာ စွမ်းအင်ပေးနိုင်တဲ့ သောရီယမ်(Thorium) ရေဒီယိုသတ္တိကြွဒြပ်စင်စွမ်းအင်သုံးကား



လောင်စာတစ်တိုင်ကီလောက်နဲ့ နှစ် ၁၀၀ ကြာ မောင်းနှင်နိုင်တဲ့ ကားမျိုးရှိပါ့မလား။ ဒါဟာ မဖြစ်နိုင်စရာ စိတ်ကူးသက်သက်မဟုတ်ပါဘူး။ အမေရိကန်သမ္မတ Nixon သက်တမ်းမှာ ပယ်ဖျက်ခဲ့တဲ့ အနုမြုလောင်စာ တစ်မျိုးကို အသုံးပြုမယ်ဆိုရင် ဖြစ်နိုင်ကြောင်း ကုမ္ပဏီတစ်ခုက အဆိုပြုလိုက်ပါပြီ။
သောရီယမ်(Thorium) ဆိုတာ သဘာဝအလျောက်တွေ့ ရတဲ့ ရေဒီယိုသတ္တိကြွဒြပ်စင်တစ်မျိုးဖြစ်ပြီး နော်ဝေလူမျိုး တွင်းထွက်ဓာတ်သတ္တုပညာရှင် က ၁၈၂၈ ခုနှစ်မှာ စတင်တွေ့ ရှိခဲ့ပြီး ဆွီဒင်ဓာတုပညာရှင်က စစ်ဆေးအတည်ပြုခဲ့တဲ့ ဓာတုဒြပ်စင်တစ်မျိုးဖြစ်ပါတယ်။ နတ်ဘုရား Thor ရဲ့ အမည်ကို အစွဲပြုပြီး သောရီယမ် လို့ ပေးခဲ့တာပါ။
သိပ်သည်းဆများတဲ့ သောရီယမ် ပမာဏအနည်းငယ်ဟာ  အံ့သြလောက်စရာ အပူချိန်ပမာဏကို ထုတ်ပေးနိုင်တယ်လို့ အစီရင်ခံစာတစ်ခုမှာ ဆိုပါတယ်။ Laser Power Systems ဆိုတဲ့ ကုမ္ပဏီတစ်ခုဟာ ဒီ စွမ်းအင်အရင်းအမြစ်ကို ကားတွေမှာ တပ်ဆင်အသုံးပြုဖို့ ကြိုးစားနေပါပြီ။
“ သောရီယမ် ၁ ဂရမ်လောက်က ဓာတ်ငွေ့ ဂါလန်ပေါင်း ၉၃၉၆ ဂါလန်ထက် စွမ်းအင်အများအပြားပိုထုတ်နိုင် တယ်” လို့ ကုမ္ပဏီက ဆိုထားပါတယ်။ ဒါကြောင့်မို့ လို့  သောရီယမ် ၈ ဂရမ်ဟာ သောရီယမ် တာဘိုင်သုံး မော်တော်ကားကို ရာစုနှစ်တစ်ခုစာလောက် စွမ်းအင်ပေးနိုင်ပါလိမ့်မယ်။
ဒါပေမယ့် မေးခွန်းထုတ်စရာတစ်ခုရှိတာကတော့ ဒီလို ရေဒီယိုသတ္တိကြွပစ္စည်းဟာ လူတွေကို အန္တရာယ်မရှိ စေနိုင်ဘူးလားပေါ့။ ဟုတ်ကဲ့ ။ရှိပါတယ်။ သောရီယမ်ဟာ ယူရေနီယမ်ဓာတ်ပေါင်းဖိုအတိုင်း အဆိပ်အတောက် ပမာဏတူ ထွက်ရှိပါတယ်။ Laser Power Systems ရဲ့ CEO Stevens ကတော့ ဒီ ဓာတ်ရောင်ခြည်ထွက်ရှိမှု ကို အလူမီနီယမ်သတ္တုလွှာတစ်ခုနဲ့ ကာဆီးထားနိုင်တယ်လို့ ဆိုပါတယ်။ စတီဗင်ကတော့ သွားဘက်ဆိုင်ရာသုံး X-rays တွေလောက်တဲ့ ဓာတ်ရောင်ခြည်သင့်မှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
“ ကားတွေကတော့ ကျွန်တော်တို့ အဓိက စိတ်ဝင်စားတဲ့အရာမဟုတ်ပါဘူး။ မော်တော်ကားထုတ်လုပ်သူတွေ ကလည်း ဒီနည်းပညာကို လိုချင်မှာမဟုတ်ဘူး။” လို့ Steven က ထပ်ပြောကြားခဲ့ပါတယ်။ မော်တော်ကား ထုတ်လုပ်သူတွေဟာ ဂတ်စ်အင်ဂျင်တွေအသုံးပြုပြီး ပိုက်ဆံရှာနေရတာကိုပဲ ပိုအာရုံကျနေတယ်လို့ ဆိုပါတယ်။ သောရီယမ်နည်းပညာဟာ စက်မှုလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့် ပြန့် အသုံးချနိုင်ဖို့ ဆယ်စုနှစ်များစွာ အချိန် လိုအပ်နေသေးပြီး အဲ့အချိန်ကျမှ မော်တော်ကားထုတ်လုပ်သူတွေက သူတို့ အင်ဂျင်တွေမှာ ဒီနည်းပညာသုံးဖို့  ပြန်စဉ်းစားကျလိမ့်မယ်လို့ သူက ဟောကိန်းထုတ်ခဲ့ပါတယ်။
သဘာဝအလျောက်တွေ့ ရှိရသော Thorium ဒြပ်စင်

Ref: yahoo.com
Trend Myanmar

No comments:

Post a Comment