Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 9, 2014

အမြန်လမ်းလုံခြုံစိတ်ချရေး အမေရိကန် နည်းပညာ အကူအညီများ ပေးမည်



အမြန်လမ်းမ တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ယာဉ်မတော်တဆမှုနှုန်း မြင့်တက်နေသည့် ရန်ကုန်-မန္တလေးအမြန်လမ်းအတွက် လုံခြုံ စိတ်ချမှုဆိုင်ရာ နည်းပညာအကူ အညီပေးခြင်းသဘောတူစာချုပ်ကို အမေရိကန်အစိုးရနှင့် ချုပ်ဆိုလိုက်ကြောင်း အမေရိကန်သံရုံး က ဇွန်လ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါစာချုပ်ကို အမေရိ ကန်နိုင်ငံမှ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့က မေလ ၂၇ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာအဝေးပြေးလမ်း များတွင် အသုံးပြုသည့် လုံခြုံမှု စံချိန်စံညွှန်းများ၌ ပါဝင်သည့် ၁၀ ကီလိုမီတာလျှင် အပိုင်းတစ် ပိုင်းအလိုက် လမ်းပိုင်းများ သရုပ် ပြတည်ဆောက်ထိန်းသိမ်းခြင်း များကို အမေရိကန်ဗိသုကာနှင့် အင်ဂျင်နီယာပညာရှင်များက သင် တန်းပေးခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။
မြန်မာအစိုးရက အမေရိ ကန်အစိုးရသို့ တောင်းဆိုထား ခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် အဆိုပါလမ်းပိုင်းအား အကြို စစ် ဆေးတိုင်းတာမှုများပြုလုပ်ခဲ့ပြီး US AID မှ ကျွမ်းကျင်ပညာရှင်များက လမ်း၏ ဒီဇိုင်း၊ လမ်း၏ ခံနိုင်ရည် မော်တော်ယာဉ်သွား လာနိုင်သည့် အရှိန်နှုန်းများကို လာရောက်တိုင်းတာစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
နေ့စဉ် ကားအစီးရေ သုံးထောင်ကျော် ဖြတ်သန်းနေပြီး ၃၈၆ မိုင် ရှည်လျားသည့် ရန်ကုန် -မန္တလေး အမြန်လမ်းမှာ နိုင်ငံ၏ အချက်အချာလမ်းမတစ်ခုဖြစ်နေသည့်အပြင် လူအသက်များစွာ လုံခြုံရေးအတွက် အမေရိကန် နိုင်ငံမှ ကူညီပေးနေရခြင်းအတွက် များစွာကျေနပ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောသည်။
လက်ရှိတွင် အဆိုပါလမ်းပိုင်းကို နည်းပညာဆိုင်ရာအကူ အညီပေးခြင်းများအပြင် ရှစ်လမ်းသွားအဖြစ် တိုးချဲ့ရန်အတွက် အမေရိကန်အစိုးရကို မြန်မာဘက်က ကမ်းလှမ်းထားပြီးဖြစ် သည်။ အဆိုပါလမ်း ပြုပြင်ရေးအတွက် အမေရိကန်အပြင် ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့ကလည်း အကူအညီပေးလျက်ရှိသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဉ်မတော်တဆမှုနှင့် လူသေနှုန်း ဆက်တိုက်မြင့်တက်နေဆဲဖြစ်ပြီး အမြန်လမ်းစတင်အသုံးပြုခဲ့သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဧပြီလအထိ စာရင်းများအရ ယာဉ်မတော်တဆမှု ၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၆၀ ကျော်အထိ ရှိခဲ့သည်။
7Day Daily

No comments:

Post a Comment