CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 30, 2014
ရောင်းပေးသူ မရှိ၊ စားပွဲထိုး မရှိတဲ့ ကိုယ်တိုင်ဖျော် ကော်ဖီဆိုင်
အမေရိကန်နိုင်ငံ၊ North Dakota ပြည်နယ်က Valley City မှာ The Vault လို့ အမည်ရတဲ့ ကော်ဖီဆိုင်လေး တစ်ခု ရှိပါတယ်။ သူ့ရဲ့ ထူးခြားချက် ကတော့ ရောင်းပေးသူ မရှိ၊ စားပွဲထိုး လည်း မရှိခြင်း ဖြစ်ပါတယ်။
ဒီတော့ ကော်ဖီ သောက်ချင်သူများက ကိုယ်တိုင် ဖျော်ရပြီး ငွေကိုလည်း ကိုယ်တိုင် ရှင်းရ ပါတယ်။ ဒီအတွက် အကြွေငွေ ရှင်းမယ့် သူတွေ အတွက် ငွေထည့်ပုံး၊ ခရက်ဒစ် ကဒ်နှင့် ရှင်းမည့် သူများအတွက် စက် တစ်လုံး ထားရှိ ပေးထား ပါတယ်။ ကော်ဖီကိုလည်း စက်နဲ့ ကိုယ်တိုင် ဖျော်ပြီး ထည့်ရ ပါမယ်။ ကော်ဖီ အပြင် အခြားသော မုန့် အချို့လည်း ရပါသေးတယ်။ မြို့ခံ လင်မယား နှစ်ဦးမှ ဖွင့်ထားတဲ့ ဆိုင်ပါ။ လကုန်တဲ့ အချိန် ငွေစာရင်း ချုပ်လိုက်တဲ့ အခါမှာလည်း သာမှန် ကော်ဖီ ဆိုင်လေး တစ်ခုလို အမြတ်ပုံမှန် ရှိနေတာကိုလည်း တွေ့ရ ပါတယ်။
ယင်းဟာ Valley ဒေသခံ ပြည်သူ များရဲ့ ရိုးသာမှုကို ဖော်ပြပြီး အခြားသော လာရောက် လည်ပတ် သူများတောင်မှ ကော်ဖီ ဆိုင်ကို လာထိုင်နေကြပြီ ဖြစ်ပါတယ်။ ကော်ဖီဆိုင်ထဲမှာ စန္ဒယား၊ နဲ့ အခြား တေးဂီတ တူရိယာ ၂ ခုလောက်ကိုလည်း တီးခတ်လိုသူ များအတွက် ထားရှိ ပေးထား ပါတယ်။ ပြီးတော့ စာအုပ်စင် နဲ့ ဗီရိုများလည်း ထားရှိပေးထားပြီး လူတိုင်း ဖတ်ရှု နိုင်ပါတယ်။ တိတ်ဆိတ် ငြိမ်သက်တဲ့ လမ်းထောင့် တစ်နေရာမှာ ရှိပြီး လူအများ ဝင်ရောက်လို့ ကော်ဖီသောက် အပန်းဖြေ ကြ ကြောင်း သိရ ပါတယ်။
.
Ref; Metro
အောင်ခမ်း (ရိုးရာလေး)
ရောင်းပေးသူ မရှိ၊ စားပွဲထိုး မရှိတဲ့ ကိုယ်တိုင်ဖျော် ကော်ဖီဆိုင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 30, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 30, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment