Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 6, 2014

တောင်ကြီးခရိုင် အန်အယ်လ်ဒီ ရပ်ကျေးဒုဥက္ကဋ္ဌ ပစ်သတ်ခံရ...


ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဟိုပုန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်အယ်လ်ဒီ) ရပ်ကျေး ဒုဥက္ကဋ္ဌတဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့တယ်
လို့ မြို့နယ်ပါတီ တာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသူဟာ ဟိုပုန်းမြို့နယ် မိုင်းပျဉ်းလက်တက်ကျေးရွာအုပ်စု ဒုဥက္ကဋ္ဌ အသက် ၅၀ နှစ်ရွယ် ဦးစိုင်းစံထွန်း ဆိုသူဖြစ်ပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးတာလို့ တောင်ကြီးမြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးခွန်သန်းလွင်က ပြောပါတယ်။
“မှောက်လျက်အနေအထား နောက်စေ့မှာ သေနတ်ဒဏ်ရာနဲ့ ဘေးမှာ ကျည်ဆန်ခွံ ၃ ခုတွေ့တယ်” လို့ ဦးခွန်သန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။ သူ့ကို ဇွန်လ ၄ ရက်
ည ၁၂ နာရီမှာ အမည်မသိ လူ ၂ ဦးက နေအိမ်မှာ လာခေါ်သွားပြီး ဒီကနေ့မနက်
ရွာရဲ့ အနောက်ဘက် နွားစားကျက်မှာ အလောင်းပြန်တွေ့တာလို့ ပြောပါတယ်။
ဒီပြစ်မှုကို ကျူးလွန်သူ ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်သေးပါဘူး။ သေဆုံးသူ
ဦးစိုင်းစံထွန်းဟာ ဒေသတွင်းမှာ သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေသူဖြစ်ပြီး ဒီသေဆုံးမှုဟာ ဆပ်စပ်မှုရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။
DVB




No comments:

Post a Comment