Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 21, 2014

ရန်ကုန်မှာ နေ့ ခင်းကြောင်တောင် ကားလုမှုဖြစ်ပေါ်

 မေလ ၂၁ရက်နေ့ ၊ ၂၀၁၄ခုနှစ်
ဓါတ်ပုံထဲမှ တီးရှပ် ခဲရောင်နှင့် ပုဂ္ဂိုလ်မှာ Taxi သမားထံမှာ ကားကို လုပြေးလာသူဖြစ်ပါသည်။
ကျွန်တော်တို့သူငယ်ချင်း ၄ ယောက်စီးလာတဲ့ကားကရွှေဂုံတိုင်ရုံးချုပ်
ကနေ အင်းယားလမ်းပေါ်ကိုဖြတ်တက်လာတော့နောက်မှ
ကားတွေရုတ်ရုတ်သဲသဲဖြစ်ပြီးတစ်စီးပြီးတစ်စီးတိုက်လာတာကိုတွေ့ပါတယ်။
လူတွေကလည်းအော်ဟစ်လို့၊ နောက်တော့ဒီ Taxi AA နံပါတ်အဌားယာဉ်ကကျွန်တော့တို့ကားနောက်ပိုင်းကိုဝင်ဆောင့်ပါတယ်။
ကံကောင်းသွားတာကကြားထဲမှာ Taxi တစ်စီးကဝင်ခံသွားတော့နဲနဲပဲပွတ်မိ
သွားပါတယ်။
ယာဉ်ထိမ်းရဲနှစ်ယောက်ချက်ချင်းရောက်လာပါတယ်၊ တစ်ယောက်ကသော့ကိုဆွဲဖြုတ်ဖို့ကြိုးစားပါတယ်။
ချက်ချင်းထိုးကြိတ်တော့ရဲခမျာမျက်လုံးတော်တော်ထိခိုက်သွားပုံရပါတယ်၊
သွေးတော်တော်ထွက်သွားပါတယ်၊ ဒါနဲ့သူ့ဖုန်းကလည်းအထက်ကို ဖုန်းဆက်တဲ့အခါခေါ်မရတော့ကျွန်တော့်ဖုန်းနဲ့သတင်းပို့ပါတယ်။
ဒီလူကိုထိန်းချုပ်ဖို့ပတ်ဝန်းကျင်ကလူတွေနဲ့ယာဉ်ထိန်းရဲနှစ်ယောက်ပေါင်းပြီးကြိုးစားတာကိုပြန်ခုခံပါတယ်၊ နောက် ၁၀ မိနစ်လောက်အကြာယာဉ်ထိန်း ၅ယောက်လောက်ထပ်ရောက်လာပြီး သူ့ကိုကားပေါ်ပွေ့တင်သွားပါတယ်။
ကားစထွက်ရုံပဲရှိသေးတယ် Probox နောက်ဖုံးထဲမှာထည့်ထားတာကို
ဖွင့်ပြီးလမ်းပေါ်ထွက်ပြေးပြန်ပါလေရော၊ ဒီတစ်ခါလည်းအားလုံးကဝိုင်းချုပ်ခါးပတ်နဲ့လက်
ကိုချည်ပြီး တင်ခေါ်သွားရပါတော့တယ်။
ဒီလူက Taxi သမားဆီကကားကို
လုယက်ပြီးထွက်ပြေးလာတာပါ။ မူးယစ်ဆေးဝါးသုံးထားတယ်လို့ယူဆရပါတယ်။

Posted From Soe July
Sk


No comments:

Post a Comment