Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 21, 2014

ကမ္ဘာ့မီဒီယာပေါ်က ရုပ်ရှင်မင်းသား တဖြစ်လဲ နာရေးကူညီသူ ဦးကျော်သူ

ကမ္ဘာ့မီဒီယာမှာ ဖော်ပြပါရှိလာတဲ့ နာရေး ကူညီမှု အသင်း ( ရန်ကုန်) ရဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ သရုပ် ဆောင် ဦးကျော်သူ အကြောင်းပါ။ 


၁၉၈ဝ ခုနှစ်နဲ့ ၉ဝ ခုနှစ်လွန်ကာလတွေက မြန်မာ့ရုပ်ရှင်လောကမှာ ထင်ရှားတဲ့ မင်းသားတဦးဖြစ်ပြီး ရုပ်ရှင်ကား ပေါင်း ၂ဝဝ ကျော်ကို ရိုက်ကူးခဲ့သူ ဦးကျော်သူဟာ မြန်မာလူထုကြား အလွန် လူကြိုက်များ တာကြောင့် အရင် စစ် အစိုးရ လက်ထက်က သူ့ကို ဝါဒဖြန့်ချိရေး ရုပ်ရှင်တွေမှာ ထည့်သွင်း အသုံးပြုခဲ့ ပါသေးတယ်တဲ့။ 

ဒါပေမယ့် ဦးကျော်သူဟာ သူ့ရဲ့ ရုပ်ရှင်နဲ့ အသက်မွေးဝမ်းကျောင်းမှုကို အဆုံးသတ်လိုက်ပြီး ဘဝကို ပြောင်း လဲ ပစ်ခဲ့ပါတယ်။ 

ဒါကတော့ စွယ်စုံအနုပညာရှင် ဆရာကြီး ဦးသုခ အစပြုကာ နာရေးကူညီမှုအသင်းကို တည် ထောင်သူတွေ နဲ့ အတူ ပူးပေါင်း ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ 

အခုထိလည်း နာရေး ကူညီမှု အသင်း (ရန်ကုန်) ဟာ ရန်ကုန်နဲ့ မြို့တော်တော်များများမှာ နာရေး ကူညီမှု ဝန် ဆောင်မှုတွေကို လုပ်ဆောင်နေသလို ကျန်းမာရေး၊ ပညာရေး ကဏ္ဍ တတ်စွမ်းသမျှ ကူညီဝန်ဆောင်မှု
တွေ လည်း ပေးနေသူပါ။ 

PBS News Hour ရဲ့ ဦးကျော်သူအကြောင်း တင်ပြချက်ကို ပြန်လည် ခံစားကြည့်နိုင်ပါတယ်။
Irrawaddy

No comments:

Post a Comment