ကိုဝမ်း ရဲ့ Post လေးထဲက စိတ်မကောင်းဘွယ်ရာ
သွေးကင်ဆာခံစားနေရသော
ဝေဒနာရှင်လေးကို တွေ့လိုက်ရပြီး ဒီနေ့ဖတ်မိခဲ့တဲ့
ကင်ဆာနဲ့ ကညွှတ် ပတ်သက်နေပုံလေးကို စိတ်ဝင်စားမိခဲ့ပါတယ်...
အပန်းမကြီးဘူးဆိုရင် လုပ်ကြည့်စေချင်ပါတယ်...
ငွေအကုန်အကျလည်း သိပ်မများတာမို့ ဒီဆေးနည်းလေးကို
မူရင်းအတိုင်း မျှဝေ တင်ပေးလိုက်ပါတယ်..
မူရင်း.....
Asparagus.....whether U believe it or not ဆိုတဲ့ခေါင်းစဉ်နဲ့
မေလ်းတစ်ခုကို ကျွန်တော့် အကို တစ်ယောက်က ပို့လိုက်ပါတယ်။
သူလည်းသူများဆီက ရလို့ ကျွန်တော့်ဆီကို forward လုပ်လိုက်တာဖြစ်ပါတယ်။
သူခေါင်းစဉ်လိုဘဲ ကညွှတ်များတဲ့
ယုံခြင်ယုံမယုံခြင်နေ...ဟုတ်မဟုတ်တော့်မသိဘူး...
ကိုယ်တိုင်လည်းမဆန်းဖူးလို့ပါ။
ဟိုးဖက်အစွန်ဆုံးကတော့ white asparagus (မြန်မာလိုမသိ)
သူ့အတိုင်းဘာသာပြန်တော့ ကညွှတ်ဖြူပေါ့၊ အလယ်က green asparagus မြန်မာလို
ကညွှတ် သူ့အတိုင်း ဆို ကညွှတ်စိမ်း ဒီဖက် အစွန်ဆုံးကတော့ wild asparagus
သူတိုင်းဆို ကညွှတ်ရိုင်းဖြစ်ပါတယ်။
နှစ်ပေါင်းကတော့ နည်းနည်းကြာသွားပြီ လူတစ်ယောက်က
ကင်ဆာဖြစ်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက် အတွက်
ကညွှတ်ပင်လိုက်ရှာနေတာ ကျွန်တော်တွေ့ခဲ့ဘူးတယ်။
ပြီးတော့ ၁၉၇၉ ခုနှစ် ဒီဇင်လဘာထုတ်
ကင်ဆာဂျာနယ်ကနေ မိတ္တူကူးထားတဲ့
စာရွက်တစ်ရွက် ကျွန်တော့်ကို ပေးခဲ့တယ်။
စာရွက်ကအကြောင်းအရာကတော့
Asparagus for cancer (ကင်ဆာအတွက် ကညွှတ်များ)
ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။
ဝေမျှခြင်းသက်သက်သာဖြစ်ပါတယ်။
ကျွန်တော်ဟာ ဇီဝဓါတု ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်ဟာ Richard R.Vensal, D.D.S ရဲ့
ရှာဖွေချက်တွေကနေ ကညွှတ်ကနေ ကင်ဆာရောဂါကုသနည်းကို သင်ယူခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ
သူရဲ့ပရောဂျက် လုပ်ငန်းတွေထဲမှာလဲ သူနှင့်အတူတကွ လုပ်ကိုင်ခဲ့သလို
ကျွန်တော့မှာ စုဆောင်းထားတဲ့ ကညွှတ်ကနေ ကင်ဆာရောဂါ
ကုသပျောက်ကင်းသွားတဲ့ အထောက်အထား အချက်အလက်တွေ
တော်တော်များများရှိခဲ့ပါတယ်
အဲ့ဒါတွေကတော့ .....
၁/- လူတစ်ယောက်ဟာ သွေးကင်ဆာဖြစ်တာ မျှော်လင့်ချက်
မဲ့လုနီးပါးဖြစ်နေပါပြီး ဗုံးဗုံးလဲ နေပြီဖြစ်ပါတယ်။
ကညွှတ်ကထုံးနဲ့ တစ်နှစ်ကုသအပြီးမှာတော့
ဆရာဝန် စစ်ဆေးကြည့်တာ ကင်ဆာရှိကြောင်းမပေါ်လာတော့ပါဘူး။
နောက်ဆုံး သူဟာပြန်ကောင်းသွားပါတယ်။
၂/- အောင်မြင်နေတဲ့ အသက် ၆၈ နှစ်အရွယ်
စီးပွားရေးသမားတစ်ယောက်ဟာ
ဆီးကြိတ်တည်တဲ့ ကင်ဆာကို ခံစားနေရတာ ၁၆ နှစ်ရှိပြီဖြစ်ပါတယ်။
နှစ်တော်တော်ကြာကြာ ဆေးကုသခြင်း ဓါတ်ကင်ခြင်းတို့ ဖြင့်ကုသခြင်း
ပြုခဲ့သော်လည်း တိုးတက်လာခြင်းမရှိပါဘူး။
နောက်ဆုံး၃လအတွင်းကညွှတ်ကုထုံးနဲ့ကုပြီးနောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဆီးကြိတ်များဟာပျောက်သွားပြီး
ကျောက်ကပ် နှစ်ခုဟာ ပုံမှန် ပြန်ဖြစ်နေတာ
ဆေးစစ်တဲ့အဖြေမှာ တွေ့ခဲ့ရပါတယ်။
၃/- လူတစ်ယောက်ဟာ အဆုတ်ကင်ဆာ ခံစားနေရပါတယ်။
၁၉၇၁ မတ်လ ၅ရက်နေ့မှာကုသဖို့ ခွဲစိတ်ခဲ့ရာမှာတော့
ရောဂါဟာ အလွန်ရင့်ပြီးအမြစ်များဟာ တော်တော်ပြန့်နေတဲ့အတွက်
ခွဲစိတ်လို့မရ ခဲ့ပါဘူး။
ခွဲစိတ်ဆရာဝန်ဟာ ပြန်ပြီးချူပ်ပေးခဲ့ကာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။
ဧပြီလ ၅ ရက်နေ့မှာတော့
ထိုလူနာဟာ ကညွှတ်ကုထုံးကို ကြားပြီး ချက်ချင်း ကုသမှု့ခံယူခဲ့ပါတယ်။
သြဂုတ်လမှာတော့ ဓါတ်မှန်သွားရိုက်ကြည့်တဲ့အခါမှ
ကင်ဆာလက္ခဏာပြနေတာတွေဟာ
ပျောက်ကွယ်သွားပြီး အရင်အတိုင်း အလုပ်ပြန်လည် လုပ်နိုင်ခဲ့ပါတယ်။
ပြုလုပ်နည်း.....
ကညွှတ်ကို သစ်သီးဖျော်စက်ထဲထည့်ပြီး အရည်ဖြစ်ကြောင် ကြိတ်ပါ။
ထိုကညွှတ်ရည်ကို ရေခဲ့သေတ္တာထဲ ထည့်ပြီး လူနာအား
တစ်ခါတိုက်လျှင် စတီးဇွန်းဖြင့် ၄ ဇွန်းကို
မနက်တစ်ကြိမ် ညတစ်ကြိမ်တိုက်ပါ။
credit : ဦးမိုး မင်း
https://www.facebook.com/photo.php?fbid=1476315582580975&set=a.1394212934124574.1073741829.100006076423535&type=1&theater
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, May 3, 2014
ကညွှတ်များ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 03, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 03, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment