Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 21, 2014

Jesse Boykins IIIရဲ့ ‘Love Apparatus’ အယ်လ်ဘမ် ဧပြီ၂၂ရက်နေ့ ထွက်ဖို့ရှိ

သီဟနိုင် on 2014-04-20 10:54
ကာလကြာရှည်စောင့်မျှော်ခဲ့ရတဲ့ ‘Love Apparatus’ အယ်လ်ဘမ်ကို Jesse Boykins III က နှစ်ပတ်အတွင်း ထုတ်တော့မှာပါ။ ပရိသတ်တွေအတွက် အကြိုလက်ဆောင်အနေနဲ့ streaming လုပ်ပြီး အလုံးစုံနားဆင်ကြည့်လို့ ရနေပါပြီ။
၅နှစ်အတွင်း တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ ‘Love Apparatus’ LP မှာ သီချင်း ၁၄ပုဒ်ပါရှိပြီး ပါဝင်သီဆိုပေးထားသူ နှစ်ယောက်ပဲရှိပါတယ်။ Theophilus London နဲ့ Phonteတို့ပါပဲ။ အီလက်ထရောနစ် ပရိုဂျူဆာ ဖြစ်တဲ့ Machinedrum က အယ်လ်ဘမ်ထုတ်လုပ်မှုရဲ့ အများစုကို ပဲ့ကိုင်ပေးထားပါတယ်။ Boykins က သူ့အားသူကိုးပြီး လုပ်ထားတာတွေလဲရှိပါတယ်။
“ဒါ နှလုံးသားရေးရာကိစ္စ၊ အသည်းနှလုံး ကိစ္စ၊ စကားလုံးတွေက ငါတို့နှစ်ယောက်ကို ကွဲကွာစေဖို့ အမိန့်ချခဲ့တယ်၊ ဒီလမ်းမမှာ ငါ့ကိုတစ်ယောက်တည်း အထီးကျန်စေခဲ့ပြီ။” လို့ chorus အပိုဒ်မှာ JBIII ကဆိုထားပါတယ်။
အရင်က ထွက်ရှိခဲ့တဲ့ single များဖြစ်တဲ့ ‘Plain,’ ‘Show Me Who You Are’ နဲ့ ‘Live In Me’ တို့ဟာလည်း ဒီအယ်လ်ဘမ်မှာ ပြန်ပါလာပါတယ်။
ဧပြီ ၂၂ရက်နေ့မှာ စတိုးဆိုင်တွေကို ရောက်မယ်လို့ သိရပါတယ်။ iTunes ကနေလည်း ကြိုမှာလို့ ရပါတယ်။
‘Love Apparatus’ Tracklist

1.     ‘GreyScale’
2. ‘B4 The Night Is Thru’
3. ‘Create Beauty’
4. ‘I Wish’
5. ‘Tell Me’ (Featuring Theophilus London)
6. ‘Show Me Who You Are’
7. ‘Live In Me’
8. ’4 U 2 B Free’
9. ‘The Wonder Years’
10. ‘Plain’
11. ‘A Matter Of The Heart’ (Featuring Phonte)
12. ’4 Ever No More’
13. ‘Make Believe’
14. ‘Heavenly Eyes’

Ref:theboombox.com
Trend Myanmar

No comments:

Post a Comment