၁၉၉၄ ခုနှစ်တုန်းက Bert Fox Community အထက်တန်းကျောင်းက ကိုးတန်းအခန်းတစ်ခုမှာ ဆရာဖြစ်သူ Farrer ဟာ သူရဲ့တပည့်တွေကို သူတို့ရဲ့အနာဂတ်အကြောင်း ၁၀မျက်နှာစာ ရေးပေးဖို့ ပြောခဲ့ပြီး နောင်အနှစ်နှစ်ဆယ်မှာ ဒီစာတွေကို သူတို့ဆီပြန်ပို့ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
နောက်အနှစ်နှစ်ဆယ်ကြာတဲ့အခါမှာ ဆရာကြီးဟာသူ့ရဲ့ကတိအတိုင်း တပည့်တွေဆီကို စာတွေပြန်ပို့
ပေးခဲ့ပါတယ်။ ဆရာကြီးရဲ့လုပ်ရပ်အတွက် လူကြီးတွေဖြစ်နေပြီဖြစ်တဲ့ တပည့်တွေဟာ ဂုဏ်ယူဝမ်းမြောက်
ကျေးဇူးတင်ကြရတယ် လို့ဆိုပါတယ်။
တစ်ချိန်တုန်းက တပည့်ဖြစ်ခဲ့ပြီး ခုချိန်မှာ သူကိုယ်တိုင်လည်း
ဆရာဖြစ်နေပြီဖြစ်တဲ့ Scott Fulton က “ကျွန်တော် တကယ်
ဂုဏ်ယူကျေးဇူးတင်မိတယ်။ ဆရာ Farrerရဲ့လုပ်ရပ်က ကျွန်တော့်ကို
အံ့သြစေခဲ့တယ်” လို့ CBC News ကို ပြောကြားခဲ့ပါတယ်။စာသင်သက် နှစ်ပေါင်းလေးဆယ်အတွင်း သူကတိပေးခဲ့တဲ့ ဒီကျောင်းသားတွေကိုတော့ ဆရာကြီး Farrer က မမေ့ခဲ့ပါဘူး.....
တပည့်ဟောင်း တစ်ဦးဖြစ်တဲ့ ဒီဂျေသမား Anardiကတော့ လွန်ခဲ့တဲ့တစ်လလောက်က စာကိုရခဲ့သူ ဖြစ်ပါတယ်။ တခြားတပည့်တွေလိုမတူတဲ့ သူဟာ အဲ့အချိန်တုန်းက ကောင်မလေးတစ်ယောက်ကို အသည်းအသန် ကြိုက်နေမိတဲ့ အကြောင်းရေးခဲ့မိတယ်လို့ဆိုပါတယ်။ ခု ဒီကောင်မလေးဟာ သူ့ဇနီးဖြစ်နေပါပြီ။
“ကတိဆိုတဲ့ အသိကိုရဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ ဘယ်လိုအသေးဖွဲလေးတွေပဲ ဖြစ်နေပါစေပေါ့ဗျာ။ ကလေးတွေက ကျွန်တော် ဒါကို တန်ဖိုးထားတယ်ဆိုတာ သိသွားကြပါပြီ” လို့ ဆရာအို Farrer က CBC News ကိုပြောကြားခဲ့ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments:
Post a Comment