Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 10, 2014

သမီးနှစ်ယောက်ရဲ့ အသက်ကိုကယ်ဖို့ ကားအောက်ထဲ ပြေးဝင်ခဲ့တဲ့ အမေ


ABC US News | ABC Business News Massachusetts ပြည်နယ် Lawrence မှာရှိတဲ့ သူမဟာ အိမ်ရှေ့အိမ်တံခါးကို ပိတ်ပြီး လှည့်ကြည့်လိုက်တဲ့အခါ ရပ်ထားတဲ့ သူမရဲ့ကားဟာ အိမ်ရှေ့ကုန်းအတိုင်း အရှိန်နဲ့ ပြေးဆင်းသွားတာကို Mindy Tran တွေ့လိုက်ရပါတယ်။

သူရဲ့နှစ်နှစ်အရွယ် အမြွာပူးသမီးနှစ်ယောက်ဟာ နောက်ခုံမှာရှိနေပြီး လမ်းမှာ ကားတွေတဝီဝီရှုပ်နေတာကြောင့် လျင်လျင်မြန်မြန်ပဲ ဆုံးဖြတ်ချက်ချခဲ့တယ် လို့ သူက ဆိုပါတယ်။
“ကျွန်မရဲ့ပထမဆုံးသိစိတ်က ဒီကားကို ပြန်တွန်းပို့ရမယ် ဆိုတာပဲ” လို့ ၂၂နှစ်အရွယ် အမေဖြစ်သူ Mindy Tran က WCVB ကို ပြောကြားခဲ့ပါတယ်။

ဒါကြောင့် သူဟာ ကားနောက်ကို ခုန်လိုက်ပြီး ခန္ဓာကိုယ်ကို ခုထားခဲ့တာကြောင့် ကားဟာ သူမကို ကြိတ်မိလျက်သားဖြစ်သွားခဲ့ပါတယ်။

“ကျွန်မကိုကျွန်မ အရှိန်လျော့တုံး(speed bump)တစ်ခုလို အသုံးပြုလိုက်တော့ အရှိန်လျော့သွားပြီး ကျွန်မအိမ်နီးချင်း တစ်ယောက်ဝင်လာနိုင်ခဲ့လို့ ကားကို ရုတ်တရက် ရပ်လိုက်နိုင်ပါတယ်” လို့ သူမက ဆိုပါတယ်။

ဒါပေမဲ့ Tran ကတော့ ကားအောက်မှာ ညပ်မိနေတာကြောင့် မီးသတ်သမားများရောက်လာကာ လေအိတ်နဲ့ သစ်သားတုံးတွေ သုံးပြီး သူမကို ကားအောက်က ဆွဲထုတ်ခဲ့ရပါတယ်။

သူမရဲ့ညာဘက် ဒူးခေါင်းကတော့ ကြေမွှသွားပြီး ဘယ်ဘက်ခြေထောက်က တင်ပါးကနေ နေရာလွဲသွားခဲ့တယ် ပါတယ်။
Tran က
“ကျွန်မကလေးတွေက ကျွန်မအတွက် အရာရာပဲ။ ကျွန်မကလေးတွေ အကောင်းအတိုင်းရှိတာကိုပဲ ကျွန်မ ဝမ်းသာတယ်” လို့ ပြောကြားခဲ့ပါတယ်။

Tran ဟာ ခွဲစိတ်မှု ပေါင်းများစွာကို အကြိမ်ကြိမ် ခွဲလုပ်သွားရမှာဖြစ်ပြီး  လမ်းပြန်လျှောက်နိုင်ဖို့တော့ သေချာတယ် လို့ဆိုပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments:

Post a Comment