Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 12, 2014

ကွန်ပျူတာဆိုင်ပိုင်ရှင်ကို လူငယ်တစ်ဦးက ဓားဖြင့်ထိုး၍ ငွေလုယက်

Written by  ဇော်ဇော်ထွေး

လူငယ်တစ်ဦးက ကွန်ပျူတာဆိုင်အတွင်း ၀င်ရောက်ပြီး ဆိုင်ပိုင်ရှင်ကို ဓားဖြင့်ထိုး၍ ငွေလုယက်ထွက်ပြေး မှုတစ်ခု ဧပြီ ၈ ရက်က ဖြစ်ပွားခဲ့ရာ မရမ်းကုန်းမြို့နယ်တွင် နယ်မြေခံရဲတပ်ဖွဲ့နှင့် ပြည်သူများကို ၀ိုင်းဝန်း ဖမ်းဆီးရမိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ညနေ ၅ နာရီခန့်က ဘုရင့်နောင်နယ်မြေ ရဲတပ်ဖွဲ့ဝင်များက သတင်း စုံစမ်းနေစဉ် (၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ် (၉၄၁) ရှိ လှေကားရင်းတွင် ဖွင့်လှစ်ထားသည့် Z 4  ဖုန်းနှင့် ကွန်ပျူတာ ပြုပြင်ရေးရောင်းဝယ်ရေး ဆိုင်အတွင်းမှ ဘေးလွယ်အိတ်လွယ်ထားသည့် လူငယ်တစ်ဦး ပြေးထွက်လာ သည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထို့နောက် လူတစ်ဦးပြေးထွက်လာပြီး ရှေ့မှ လူငယ်အား ဖမ်းပေးရန်နှင့် ၎င်းကို ဆိုင်ထဲထိ ၀င်ရောက်၍ ဓားဖြင့်ထိုးပြီး ပိုက်ဆံများ လုယက်သွားကြောင်း အော်ဟစ်အကူအညီတောင်းခံခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် နယ်မြေခံရဲတပ်ဖွဲ့နှင့် ပတ်ဝန်းကျင်ရှိပြည်သူများက ၀ိုင်းဝန်းဖမ်းဆီး ရမိခဲ့သည်ဟုလည်း ရဲထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသူမှာ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာမှ ၂၁ နှစ် အရွယ် လူငယ်တစ်ဦး ဖြစ် သည်ဟု ရဲဝန်ထမ်းများက စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်း၏ ဘေးလွယ်အိတ်အတွင်းမှလည်း ငွေစက္ကျူေရာရာ ကျပ် ၁၅၅,၀၀၀ နှင့် အရိုးအသွား ရှစ်လက်မခန့်ရှိ ကော်လက်ကိုင်ရိုးတပ် ဓားဦးချွန်တစ်ချောင်းတို့ကို သိမ်း ဆည်းရမိခဲ့သည်။
ကွန်ပျူတာဆိုင်ပိုင်ရှင်ဖြစ်သူ ဦးကျော်မြင့်နိုင်မှာလည်း ၀မ်းဗိုက်ဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲ လက်ဖျံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသပေးခဲ့ရသည် ဟု ဆိုသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူ စောထက်ဦးအောင်အား အရေးယူပေးရန် ဒု-ရဲအုပ်ကျော်ဝင်းနိုင်က တိုင်တန်း လိုက်ပြီး ယင်းတိုင်တန်းမှုကို ဘုရင့်နောင်နယ်မြေရဲစခန်း က (ပ)၁၁၆/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှု ပုဒ်မ ၃၉၄ ဖြင့် အရေးယူရန် ပြစ်မှုကျူးလွန်ခဲ့သူကို ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။
Mizzima

No comments:

Post a Comment