Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 18, 2014

ကုန်းအတက်တွင် ယာဉ်နောက်ပြန်လျှောကျသဖြင့် ခုန်ချရာမှ ၂ ဦးသေ

18 April 2014နေပြည်တော်၊ ဧပြီ ၁၈

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ တပွင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ယာဉ်မတော်မဆမှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ဆောမြို့နယ်၊ ယင်းကဲရွာနေ ဇင်လင်း(၂၀)နှစ်မောင်းနှင်လာသည့် ခရီးသည်နှင့်ကုန်ပစ်္စည်းများတင်ဆောင်လာသော ၈ဈ/xxxx ဂျစ်သည် ဆောမြို့နယ်၊ ယင်းကဲရွာမှ ကန်ပက်လက်မြို့နယ်၊ ဆူးပုပ်ကျင်းရွာသို့ မောင်းနှင်လာစဉ် ဖျဉ်းကြီးကျေးရွာအနီး ကုန်းအတက်တွင်နောက်ပြန်လျှောကျခဲ့ကြောင်း သိရှိရသည်။

ထိုသို့လျှောကျမှုကြောင့် ယာဉ်ပေါ်ပါ ကန်ပက်လက်မြို့နယ်၊ လဲပုံရွာနေ ဒေါ်တင်ရီ(၃၇)နှစ်သည် သမီး ဖြစ်သူ မထွေးရီ(၃)နှစ်အားကျောပိုး၍ ကား၏ယာဘက်သို့ခုန်ချခဲ့ရာ ဒေါ်တင်ရီတွင် ဦးနှောက်ထွက် ဒဏ်ရာနှင့် မထွေးရီတွင် ဦးခေါင်းနောက်စေ့ကွဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် (၂)ဦးစလုံး သေဆုံးသွားခဲ့သောကြောင့် ယာဉ်မောင်း ဇင်လင်းအား တပွင်နယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment