Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 21, 2014

ဦးဝင်းတင်နဲ့ပတ်သက်လို့ ဦးရဲထွဋ် ဘာပြောထားလဲ

ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားချိန်မှာ သမ္မတ ပြောခွင့်ရ၊ ဒု ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က သူ့ ဖေ့စ်ဘုတ်ကနေ ဆရာကြီး ဦးဝင်းတင်နဲ့ ပတ်သက်ပြီး အခုလို ရေးသား ထားပါတယ်။ 





ဆရာကြီး ဦးဝင်းတင်ကွယ်လွန်မှုနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ကိုယ်စား ကျွန်တော့် ရဲ့ အမြင်သဘောထား များကို စာနယ်ဇင်းများက ဆက်သွယ်မေးမြန်းလာပါတယ်။ ဒါ့ကြောင့် အားလုံးအတွက် ဒီနေရာက ပဲ ဖြေကြားလိုပါတယ်။ 

ကျွန်တော်တို့အနေနဲ့ ဆရာကြီးဦးဝင်းတင်နဲ့ နိုင်ငံရေးအရ အမြင်မတူတာတွေရှိပါ တယ်။ ဒါပေမယ့် မိမိယုံကြည်ချက်အပေါ် ခိုင်မာစွာရပ်တည်ခဲ့မှုများနဲ့ သူ့ရဲ့ စွန့်လွှတ်ခဲ့မှုများ အတွက် ဆရာကြီး ဦးဝင်းတင်ကို ကျွန်တော်တို့အားလုံးလေးစားပါတယ်။ နိုင်ငံနဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးအတွက် သူယုံကြည်ရာ နည်းလမ်းနဲ့ အကောင်အထည်ဖော်လိုတဲ့ ဆရာကြီးရဲ့ စေတနာကို ကျွန်တော်တို့ အလေးထားတဲ့အတွက် အမြင်ချင်းမတူသည့်တိုင်အောင် ဆရာကြီးရဲ့ အတွေးအမြင် သဘောထားများကို ကျွန်တော်တို့အလေးထားမှတ်သားကြပါတယ်။ 

ဆရာကြီး ကွယ်လွန်သွားခြင်း ဟာ မြန်မာ့နိုင်ငံရေးမှာ မိမိယုံကြည်ချက်ကို ပွင့်ပွင့်လင်းလင်း မထောက် မညှာပြောလေ့ရှိတဲ့ အသံတစ်သံ ပျောက်ဆုံးသွားခြင်းပဲဖြစ်တဲ့ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲဖြစ်သလို သတင်းစာလောကအတွက်ဆိုရင်လည်း အတွေ့အကြုံရင့်ကျက်တဲ့၊ အတတ်ပညာ ပြည့်ဝတဲ့ သတင်းစာ ဆရာကြီးတစ်ဦး ဆုံးရှုံးရခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ယုံကြည်ကြောင်း တင်ပြအပ်ပါတယ်။ 


ဦးရဲ့ထွဋ်ရဲ့ ဖေ့စ်ဘုတ်ကနေ မူရင်းအတိုင်း ကူးယူဖော်ပြထားပါတယ်။ 

ဦးဝင်းတင်နဲ့ပတ်သက်လို့ ဦးရဲထွဋ် ဘာပြောထားလဲ

No comments:

Post a Comment