Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 14, 2014

မီးသွေးတောင့်အလုပ်ရုံ အလုပ်သမားချင်းစကားများရန်ဖြစ်ပြီး ရိုက်နှက်ခဲ့၍ သေဆုံး


ရန်ကုန်၊ ဧပြီ ၁၅

၁၄.၄.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန် လှိုင်သာယာမြို့နယ်၊ (၂)ရပ်ကွက်နေ မစန်းစန်းကြည်မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် (၂)ရပ်ကွက်၊ ပီမိုးနင်းလမ်း
ရှိ မီးသွေးတောင့်အလုပ်ရုံမှ အလုပ်သမားဖြစ်သူ ၀င်းကိုနိုင်ရောက်ရှိလာပြီး ၎င်းအလုပ်ရုံတွင် အလုပ်လုပ်ကိုင်သည့် ခင်ပွန်းဖြစ်သူ နိုင်လင်းစိန်မှာ လုပ်ငန်းခွင်၌မူးလဲသွားကြောင်း ပြောပြသိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ ခင်ပွန်းဖြစ်သူမှာ သတိကောင်းစွာမရဘဲ လဲကျနေသည်ကိုတွေ့ရှိရကြောင်း၊ ခင်ပွန်းဖြစ်သူအား အင်းစိန်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ရာ သတိပြန်လည်ရရှိလာသဖြင့် မေးမြန်းသည့်အခါ စက်ဘီး မှောက်ခဲ့သည်ဟုသာပြောခဲ့ကြောင်း၊ ဆရာဝန်များ၏စစ်ဆေးချက်
အရ ၀ဲချိုစောင်းတွင် ဖူးရောင် ဒဏ်ရာရရှိထားသည်ကိုသိရှိရပြီး ဆေးကုသမှု
ခံယူနေစဉ် ၂၀၂၀ အချိန်တွင် သွေးအန်၍ သေဆုံးသွားခဲ့ကြောင်း၊ ၎င်းမှ
ဖြစ်စဉ်အားစုံစမ်းရာ ၁၁၀၀အချိန်ခန့်တွင် ခင်ပွန်းဖြစ်သူသည်မီးသွေးတောင့်
အလုပ်ရုံ၌လုပ်ကိုင်နေစဉ် နေအိမ်သို့လာရောက်ပြောကြားသူ ၀င်းကိုနိုင်နှင့် မီးသွေးတောင့်နေပူလှန်ထားသည် ကိုပြန်သိမ်းစဉ် စကားများရန်ဖြစ်ခဲ့
ကြောင်း၊ ထိုသို့ရန်ဖြစ်စဉ် ၀င်းကိုနိုင်မှသစ်သားတုတ်ဖြင့်ရိုက်ခဲ့၍ ၀ဲချိုစောင်း
ဖူးရောင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ကိုသိရှိခဲ့ရကြောင်းနှင့် ၀င်းကိုနိုင်အား အရေးယူပေးရန် တိုင်းတန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း (ပ)၅၁၄/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ ၀င်းကိုနိုင်၊ (၂၁)နှစ်၊ (ဘ)ဦးအောင်သောင်း၊ (၂)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment