22 April 2014
ကွယ်လွန်သွားပြီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာ ဆရာကြီး ဦးဝင်းတင်ဟာ မြန်မာ့နိုင်ငံရေးရဲ့ ပဲ့ကိုင်တစ်ဦး ဖြစ်တယ်လို့ ၈၈ မျိုးဆက် (ပွင့်လင်း လူ့အဖွဲ့အစည်း) ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က ပြောပါတယ်။ ဆရာဦးဝင်းတင်ရဲ့ ရုပ်အလောင်းကို ဒီနေ့မနက်က ရေဝေးသုဿန်ကို ပြောင်းရွှေ့ခဲ့ပြီး ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက ဆရာကြီးရဲ့ ရုပ်အလောင်းကို ဂူသွင်းသင်္ဂြိုဟ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်ကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က ရေဝေးသုဿ န် မှာ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ RFA Burmese

No comments:
Post a Comment