Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 30, 2014

Oxford တက္ကသိုလ်၏ Lady Gore Booth Memorial ဘွဲ့လွန် ပညာသင်ဆုကို မြန်မာကျောင်းသူ/သားများ စတင်လျောက်ထားနိုင်

eduGlobal Village
"Oxford တက္ကသိုလ်၏ Lady Gore Booth Memorial ဘွဲ့လွန် ပညာသင်ဆုကို မြန်မာကျောင်းသူ/သားများ စတင်လျောက်ထားနိုင်"

၂၀၁၄ ခုနှစ်အတွက် Prospect-Burma သည် အောက်စ်ဖို့ဒ် လေဒီ Gore Booth ၏ ဘွဲ့လွန်ပညာသင်ဆုအား မြန်မာနိုင်ငံ မှ ကျောင်းသားများ အတွက် ပေးအပ်သွား မည်ဖြစ်ကြောင်း အဆိုပါ ကောလိပ်မှ ကြေညာ ခဲ့သည်။

ပညာသင် ဆုရရှိသူများသည် အောက်စ်ဖို့ တက္ကသိုလ်၊ St. Hugh ကောလိပ် တွင် မဟာဘွဲ့သင်တန်းတက်ရောက်ရန် ပညာသင်ဆု ရရှိသူများအတွက် အပြည့်အဝ ထောက်ပံ့မှု ရရှိနိုင်မည်ဖြစ်ကြောင်း အဆိုပါ ကျောင်း၏ ၀က်ဘ်ဆိုဒ် တွင် ဖော်ပြထားပါသည်။

ပညာသင်ဆုပေးမည့် ဘာသာရပ်များမှာ အုပ်ချုပ်ရေးနှင့် သံတမန်ရေးမဟာဘွဲ့၊ ပညာရေး မဟာဘွဲ့၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ မဟာဘွဲ့နှင့် သင်ကြားရေး မဟာဘွဲ့များဖြစ်သည်။

- MSc Global Governance & Diplomacy
- MSc Education
- MSc International Human Rights Law
- MSc Learning and Teaching

Prospect-Burma အား ၁၉၈၉ တွင် စတင် တည်ထောင်ခဲ့ပြီး မြန်မာ လူငယ်များအား ၂၅ နှစ်ကြာမျှ ပညာသင်ဆုများ ထောက်ပံ့ပေးခဲ့သည်။ ၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုချီးမြှင့်ခံရပြီးနောက် ရရှိသည့် ဆုငွေ ဒေါ်လာ တစ်သန်းကျော်အား Prospect-Burma သို့ လှူဒါန်းခဲ့သည် ။ ယခုအခါ အနှစ် ၂၀ ကျော်အတွင်း ပညာသင်ဆုပေါင်း ၁,၅ဝဝ ကျော် ကို ထောက်ပံ့ပေးပြီးဖြစ်ကာ မြန်မာနိုင်ငံတွင် မရနိုင်သည့် ပညာရေး အခွင့်အလမ်းများ လမ်းဖွင့်ပေးခဲ့သည်ဟု ဆိုသည်။

အောက်စဖို့လေဒီ Gore Booth ပညာသင်ဆုသည် ပရိုစပက်ဘားမား၏ အစီအစဉ်များ အနက် ထိပ်တန်း ပညာသင်ဆု ဖြစ်ပြီး မြန်မာနိုင်ငံ နှင့် အောက်စ်ဖို့ တက္ကသိုလ်တို့ အကြား ရေရှည်ပညာရေးဆက်နွှယ်မှု အဖြစ် ရပ်တည်လျက်ရှိသည်။

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် နှင့် Gore Booth်တို့သည် ဗိုလ်ချုပ်အောင်ဆန်း သက်ရှိ ထင်ရှားရှိစဉ်ကပင် မိတ်ဆွေများဖြစ်ခဲ့ပြီး ၁၉၆၄-၆၇ ခုနှစ် တွင် ဒေါ်အောင်ဆန်းစုကြည် St. Hugh တက္ကသိုလ်၌ ပညာသင်ကြားစဉ် Gore Booth နေအိမ်တွင် နေထိုင်ကျောင်းတက် ကာ ဒေါ်အောင်ဆန်းစုကြည် ၏ အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

လေဒီ Gore Booth သည် ပရိုစပက်ဘားမား၏ ဒုဥက္ကဋ္ဌနှင့် ဒုနာယက အဖြစ် ထမ်းဆောင်ခဲ့သည် ။ ၂ဝ၁၂ တွင် ကွယ်လွန်ချိန်အထိ ပညာဒါန အစီအစဉ် အား ထောက်ပံ့ပေးခဲ့သည်။ မြန်မာနိုင်ငံ ပညာရေးကဏ္ဍအတွက် သူမ၏ လုပ်ဆောင်ချက်အား ဂုဏ်ပြုသည့် အနေဖြင့် ၂၀၁၀ ခုနှစ်တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က The Oxford-Lady Gore-Booth Memorial Graduate Scholarship အား စီစဉ် ချီးမြှင့်ခဲ့သည်မှာ ၂ နှစ်တိုင်ခဲ့ပြီ ဖြစ်သည် ။

အဆိုပါ ပညာသင်ဆုကို လျှောက်ထားရန် အသေးစိတ် အချက်အလက်များကို မေးမြန် လိုပါက Prospect Burma ၏ Communications Officer ဖြစ်သူ Wendy@prospectburma.org အား အီးမေးလ်ဖြင့် ဆက်သွယ် မေးမြန်းနိုင်ပါသည် ။

==================
ဘာသာပြန် - KHTun
Admin - eduGlobal Village
 www.facebook.com/eduGlobalVillage

No comments:

Post a Comment