Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 30, 2014

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Lady Shri Ram College တွင် "အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးစင်တာ" အဆောက်အအုံသစ် ဖွင့်လှစ်

eduGlobal Village
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံတွင်နေစဉ်က ပညာသင်ကြားခဲ့သည့် နယူးဒေလီမြို့ရှိ Lady Shri Ram College တွင် ကျောင်းဆောင်သစ်အဖြစ် အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးစင်တာ အဆောက်အအုံသစ်အား မကြာမီက ဖွင့်လှစ်ကြောင်း သိရှိရပါသည်။

Aung San Suu Kyi Center of Peace အဆောက်အအုံသစ်အား တိဘတ်ဘုန်းတော်ကြီး ဒလိုင်းလာမားက ဖွင့်လှစ်ပေးခဲ့ပြီး "ကျင့်ဝတ်၊ အောင်မြင်မှုနှင့် ပျော်ရွှင်မှု" ခေါင်းစဉ်ဖြင့် အဆိုပါ ကောလိပ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသားများအား မိန့်ခွန်း ပြောကြားခဲ့သည်။ အဆောက်အအုံသစ် ဖွင့်ပွဲမှ ဘုန်းတော်ကြီး ဒလိုင်းလာမား၏ နှစ်လိုဖွယ် အပြုံးနှင့် ကိုယ်ရည်ကိုယ်သွေးအား Facebook နှင့် Twitter ကွန်ရက်များတွင် ကျောင်းသားများက အများအပြား ဖြန့်ဝေခဲ့ကြသည်။

အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးစင်တာအား သုတေသနလုပ်ငန်းများ ပြုလုပ်ရန်နှင့် ပဋိပက အသွင်ကူးပြောင်းရေနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး ဘာသာရပ် သင်တန်းများ ဖွင့်လှစ်ရန် အသုံးပြုမည် ဖြစ်သည်။

ငြိမ်းချမ်းရေးစင်တာတွင် Lady Shri Ram ကောလိပ်၏ အမှတ်အသား မြေပန်းအိုးနှင့် ပန်းများက အရောင်အသွေး စုံလင်စွာ နေရာယူထားသည်။ မြေညီထပ် နံရံများတွင် ၁၉၆၀ ပြည့်လွန်နှစ်များမှ ၂၀၁၄ အထိ ရိုက်ကူးထားသော ကျောင်းဓါတ်ပုံများ ချိတ်ဆွဲထားသည်။ ထို့အပြင် ကျောင်း၏ ဆောင်ပုဒ် "That Alone is Knowledge that Lead to Liberation" စာသားနှင့် မာသာထရီစာ၏ အဆိုအမိန့်များကိုပါ နံရံတွင် ရေးသားထားသည်။

ဘာသာပြန် - KHTun
အက်မင် - eduGlobal Village
 www.facebook.com/eduGlobalVillage

No comments:

Post a Comment