ပျောက်ဆုံးလေယာဉ်ပေါ်သို. Passport အတုဖြင့်လိုက်ပါသွားခဲ့သူ သူတို.(၂) ဦး
ခိုးယူခံထားရသည့် passport နှစ်အုပ်နှင့် မလေးရှားလေကြောင်း ခရီးစဉ်အမှတ် MH370 လေယာဉ် လက်မှတ်နှစ်စောင်ကို ၀ယ်ယူသွား ခဲ့သူမှာ Kazem Ali အမည်နှင့် အိရန်နိုင်ငံ သားဖြစ်သည်ဟု ထိုင်းရဲအရာရှိများက ပြောကြားခဲ့သည်။
Ali က ဥရောပ ရှိနေအိမ်များသို့ ပြန်ချင်နေသည့် သူငယ်ချင်းနှစ်ယောက်အတွက်ဟုဆို ကာ လေ ယာဉ် လက်မှတ်နှစ်စောင်ကို တယ်လီဖုံးဖြင့်ကြိုတင်မှာယူပြီး၊ ကျသင့်တန်ဖိုးကို Ali သို့မဟုတ် တစ်စုံတစ်ဦးက Ali ၏ ကိုယ်စား ငွေသားဖြင့်ပေးချေသွားခဲ့သည်ဟု ထိုင်းရဲက ဆိုသည်။

ကွာလာလမ်ပူလေဆိပ်ရှိ လုံခြုံရေးဗီဒီယိုမှတ်တမ်းများအရ အခိုးခံထားရသော passport များနှင့် လိုက် ပါသွား သူနှစ်ဦးတို့မှာ အာရှတိုက်သားရုပ်ရည်များ မဟုတ်ကြဟု မလေးရှား မြို့ပြလေကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Azharuddin Abdul Rahman က တနင်္လာနေ့က ဆိုသည်။
"အခိုးခံထားရသည့် passport များနှင့် ပျောက်ဆုံးနေသည့်လေယာဉ်ကြီးတို့ဘယ်လို ဆက်စပ်နေကြ သည်ကို ထင်ကြေးပေးပြောဆိုရန် အလွန်တရာစောလွန်းနေသေး သည်၊ မည်သည့်ခရီးသည်မဆို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ ၏ မှတ်တမ်း database ထဲတွင်ရှိနေသော အခိုးခံထားရ သည့် passportကို အသုံးပြု၍ နိုင်ငံတကာလေကြောင်း ခရီးစဉ်တစ်ခုတွင် လိုက်ပါသွားသည် ဆိုခြင်းမှာ အလွန်စိုးရိမ် စရာကောင်း သည်ဟု အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Inter Pol)၏ အတွင်းရေးမှူး ချုပ် Ronald K. Noble က twitter ပေါ်တွင် ထုတ်ပြန်ထား သည့်ကြေညာ ချက်တွင် ဖေါ်ပြထားသည်။
Source: CNN
http://www.dawnmanhon.com/2014/03/mh370-kazem-ali.html#sthash.2iaPKker.dpuf

No comments:
Post a Comment