Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 31, 2014

လက်ထပ်မယ်လို့ရည်ရွယ်ထားကြတဲ့ အဆိုတော် Elton John နဲ့ David Furnish (ရုပ်ရှင်ထုတ်လုပ်သူ)တို့လိင်တူစုံတွဲ

Jack the Ripper on 2014-03-31 16:13
Sir Elton John နဲ့ David Furnish တို့နှစ်ဦးဟာ လက်ထပ်ဖို့တာဝန်ရှိနေတယ်လို့ယုံကြည်နေကြပါတယ်။
သူတို့စုံတွဲဟာ ၂၀၀၅ ခုနှစ်က ချစ်ကြိုက်ခဲ့တာဖြစ်ပြီး အခုအခါ UK နိုင်ငံမှာ လိင်တူလက်ထပ်ခွင့်တရားဝင်ဖြစ်လာတဲ့အတွက် သူတို့နှစ်ဦး လက်ထပ်ဖို့စီစဉ်နေ ကြပြီဖြစ်ကြောင်း David Furnish ကပြောပါတယ်။
“Elton နဲ့ကျွန်တော်လပ်ထပ်ပါမယ်။ လူသိများတဲ့စုံတွဲဖြစ်တာကြောင့်ရယ်။ ဒါဟာကျွန်တော်တို့ရဲ့တာဝန်လို့ခံစားရလို့ပါ။ ဒီနိုင်ငံထဲက လိင်တူနှစ်သက်တဲ့ယောကျာ်းတိုင်း ဒီလိုဖြစ်လာမယ်ဆိုတာကို ဘယ်တုန်းကမှအိပ်မက်မမက်ခဲ့ဘူးတာကို လူတွေသိစေဖို့ပါ။ လိင်တူစုံတွဲတွေ ဆက်ပြီး သိက္ခာရှိရှိနဲ့ပေါင်းသင်းနိုင်တယ်လို့ကြေညာခဲ့တဲ့အချိန်က အဲဒီ့ကိစ္စတရားဝင်ဖြစ်လာတော့ Elton နဲ့ ကျွန်တော်တို့ ဆက်ပြီးပေါင်းသင်းခဲ့ကြတာပါ။ နာမည်ကြီး ဖျော်ဖြေသူတစ်ယောက်အနေနဲ့ Elton ဘာပဲပြောပြောလုပ်လုပ် လူတွေကထိုင်ကြည့်ပြီး သတိပြုမိကြမှာပါ။ ဒီတော့ဒီလိုသမိုင်းဝင်ကာလကို ဆင်နွှဲဖို့ဒီထက်ကောင်းတဲ့နည်းလမ်းရှိပါဦးမလား” လို့ David ကပြောပါတယ်။
Ref:starpulse.com
Trend Myanmar

No comments:

Post a Comment