Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 31, 2014

အိမ်မှာပဲနေပြီး ကလေးတွေကို စောင့်ရှောက်တဲ့ ဖခင်နှုန်း ၂ဆမြင့်တက်လာ



သီဟနိုင် on 2014-03-31 12:33
အိမ်မှာပဲနေပြီး ကလေးတွေကို စောင့်ရှောက်တဲ့ ဖခင်အရေအတွက်နှုန်းဟာ အင်္ဂလန်မှာ စံချိန်တင်ရလောက်အောင် မြင့်တက်လာတယ်လို့ အမျိုးသားစာရင်းစစ်ရုံး ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
၁၉၉၃ခုနှစ်မှာ အိမ်မှာပဲနေပြီး ကလေးတွေကို စောင့်ရှောက်တဲ့ အမျိုးသားအရေအတွက်ဟာ ၁၁၁၀၀၀ဦးပဲရှိခဲ့ရာကနေ ခုဆိုရင် ၂၂၉၀၀၀ဦး ရှိနေပါပြီ။
အိမ်မှာနေပြီး ကလေးစောင့်ရှောက်တဲ့ မိခင်အရေအတွက်နှုန်းကတော့ မနှစ်ကနဲ့ယှဉ်ရင် ၂ ဒဿမ ၀၄ သန်းရှိရာကနေ ၄၅၀၀၀ ကျဆင်းသွားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အလုပ်မလုပ်တော့တဲ့ ဖခင်အရေအတွက်နှုန်းဟာ အရင်ကထက် ၅ရာခိုင်နှုန်း တက်လာပါတယ်။
Ref:dailymail.co.uk
Trend Myanmar

No comments:

Post a Comment