Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 5, 2014

လမ်းသစ်ရိပ်သာ အိမ်ရာ အသစ်ပြန်ဆောက်ပါက လက်ရှိ အဌားနေထိုင်သူများ အခန်းပိုင်ရလိုဟုဆို

Written by  နန်းမြင့်

ရန်ကုန်၊ မဇ္ဈိမ ။          ။ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အမှတ် ၁၁ ရပ်ကွက်ရှိ သက်တမ်း ၅ဝကျော် လမ်းသစ်ရိပ်သာ အိမ်ရာကို နိုင်ငံတကာအဆင့်မီ ပြန်လည်တည်ဆောက်ရန်ရှိရာ ယင်းအိမ်ရာတွင်  လက်ရှိ အဌား နေထိုင်သူများက တည်ဆောက်ပြီးပါက အိမ်ခန်းပိုင်ဆိုင်လိုသည်ဟု မတ်လ ၅ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများကို ပြောသည်။
အဆိုပါ အိမ်ရာကို အသစ်ဆောက်ရန် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက ဇန်နဝါရီ ၂ ရက်က နေထိုင်သူများကို အကြောင်းကြားထားပြီး လက်ရှိအချိန်တွင် အခန်းပိုင် ပေးရန် ၊ မပေးရန်နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေသည်။
လမ်းသစ်ရိပ်သာ တိုက်၁၊ အခန်း၇မှ ဒေါက်တာ နေဝင်းက “ အိုးအိမ်က ကန်ထရိုက်နဲ့ လုပ်တဲ့စီမံကိန်း တွေ အုံနာဘုတ် အိမ်ခန်း ပိုင်ဆိုင်မှုပေးပါတယ်။ အခြားနေရာမှာပေးပြီး ဒီမှာ ဘာကြောင့် မပေးတာ လဲဆိုတာ အိုးအိမ် ညွန်ကြားရေးမှူး က နိုင်ငံပိုင်မြေတွေ ဆုံးရှုံးမှာ ဆိုးလို့ ဖြေသွားတယ်။ အဲဒီအချက် နဲ့ ပတ်သက်ပြီ နိုင်ငံပိုင်မြေကို ကာကွယ်စောင့်ရှောက် ရမဲ့ နိုင်ငံသား ဆိုတာနားလည်တယ်။ အခန်းပိုင်စနစ်ကို တောင်းဆိုတဲ့အတွက်ကြောင့် နိုင်ငံပိုင်မြေဆုံးရှုံးမှု မထိခိုက်ပါဘူး“ ဟုပြောသည်။
လမ်းသစ်ရိပ်သာသည် လေးထပ်အဆောက်အဦးဖြစ်ပြီး တစ်တိုက်လျှင် ၂၄ ခန်းပါရှိသော တိုက် ၁၁လုံး စုစုပေါင်း တိုက်ခန်း ၂၆၄ခန်း ရှိသည်။  ပြည်တော်သာ စီမံကိန်းအရ ၁၉၅၇ ခုနှစ်မှ လမ်းသစ်ရိပ်သာ ပြည်သူများအား  အခန်းခငွေ လစဉ် ပေးချေ စနစ်ဖြင့် စတင်နေထိုင်ခွင့်ပေးခဲ့ရာ ယခုချိန်အထိဖြစ်သည်။
၎င်းတို့သည် လမ်းသစ်ရိပ်သာ အိမ်ရာတွင် နေထိုင်ခဲ့သည်မှာ နှစ် ၂ဝ ကျော် ကြာသည့် အတွက် အခန်း ပိုင်ဆိုင်သင့်သည် ဟုလည်း နေထိုင်သူများက ဆိုသည်။
ဒေါက်တာ နေဝင်းက  “ မူလအတိုင်းပြန်ချပေးမယ်လို့ရှင်းလင်းထားပါတယ်။ ၁ဝထပ်လောက်မြင့် နိုင်တယ်လို့ပြောတယ်။ ကန်ထရိုက်တာနဲ့ သူတို့က သီးသန့်ရောင်းမယ်။ ရောင်းမယ်သူတွေက အုံနာဘုတ်ရမယ်လို့ပြောတယ်“  ဟု ဆက်လက်ပြောသည်။
လမ်းသစ်ရိပ်သာနေထိုင်သူများသည် လက်ရှိ အချိန်အထိ တစ်လ ဌားရမ်းခ ၅၄ ကျပ် ပေးနေခဲ့ခြင်းဖြစ်သည်။   အိမ်ရာ အသစ်ဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်ပြီး ဌာနမှ လမ်းသစ်အိမ်ရာမှ နေထိုင်သူများနှင့် ငါးကြိမ်တွေ့ဆုံခဲ့သည်။ မတ်လ ၉ ရက်တွင် ခြောက်ကြိမ်မြောက် အစည်းအဝေးကို ပြုလုပ်ရန် ရှိနေသည်။
Mizzima

No comments:

Post a Comment