Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 1, 2014

လန်ဒန်မှာ ဗုဒ္ဓဘာသာစင်တာကြီး တည်ဆောက်ဖို့ ရန်ကုန်မှာ ရန်ပုံငွေရှာဖွေ

Saturday, March 01, 2014

ပေါင်စတာလင် ၂သန်းခွဲလောက် ကုန်ကျမယ့် ဗုဒ္ဓဘာသာစင်တာကြီးကို လန်ဒန်မှာတည်ဆောက် ဖို့အတွက် ပြည်တွင်းပြည်ပက မြန်မာလူထုရဲ့အားကိုးနဲ့ တည်ဆောက်တော့မှာပါ။ ဒီစင်တာကြီးဖြစ်မြောက်ရေး ရန်ပုံငွေဖျော်ဖြေပွဲကို အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ ဘာဖြစ်လို့ လန်ဒန်မြို့ကို ရွေးချယ်တာလဲ။

ကမ္ဘာ့နိုင်ငံအသီးသီးက ဗုဒ္ဓဘာသာကို လေ့လာနိုင်ဖို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ဟာ အထင်ကရဖြစ် တာကြောင့် ရွေးချယ်တာဖြစ်ပြီး ဗုဒ္ဓဘာသာစင်တာကြီးမှာ ဘာသာရေး၊ ယဉ်ကျေးမှုအပြင် အရှေ့ တိုင်းအစားအစာ ပြုလုပ်နည်းတွေကိုလည်း သင်ကြားသွားမယ်လို့ ဆရာတော် ဦးဥတ္တရက မိန့်ဆိုပါတယ်။

ဗုဒ္ဓဘာသာဆိုင်ရာ နိုင်ငံတကာစင်တာကြီးတစ်ခု လိုအပ်နေပြီး ဦးဆောင်ဆရာတော် ဦးဥတ္တရဟာ မြန်မာနိုင်ငံ ဆေးရုံတွေပေါ်က ကွယ်လွန်ခါနီး လူနာတွေကို တရားပြတာလုပ်ဖို့ ဆန္ဒရှိနေတယ်လို့ အသင်းဥက္ကဌ ဦးယဉ်ထွေးဆွေက ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၈ရက်နေ့ည ရန်ပုံငွေ ဖျော်ဖြေပွဲမှာ ဘုရားကန်တော့ခန်း၊ နှစ်ပါးသွား၊ ဂန္ထဝင်နဲ့ ခေတ်ပေါ်ဂီ တတွေအပြင် မောရစကြာဇာတ်တော်နဲ့ ဒါရိုက်တာမောင်သီရဲ့ ရှက်တတ်ရဲ့လား ပြဇာတ်တွေနဲ့ ပရိသတ် ကို ဖျော်ဖြေခဲ့ကြပါတယ်။

Kamayut Media

No comments:

Post a Comment