Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 25, 2014

ယနေ့ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်မည်

မတ် ၂၅ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတ် ၂၆ ရက် ယနေ့ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း လွှတ်တော်အကြီးတန်း အရာရှိတစ်ဦးက မတ် ၂၅ ရက်က အတည်ပြု ပြောကြားသည်။
သမ္မတဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော်၌ သမ္မတအဖြစ် အရွေးချယ်ခံရပြီး တစ်ကြိမ်နှင့် ပြည်ထောင်စုလွှတ်တော်နာယက ပြောင်းလဲသည့် လွှတ်တော်အစည်းအဝေးတွင် ဒုတိယအကြိမ် လာရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ယခုအကြိမ် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားခြင်းသည် တတိယအကြိမ်မြောက် မိန့်ခွန်းပြောကြားခြင်းဖြစ်သည်။
ထို့အပြင် နိုင်ငံတော်သမ္မတသည် န၀မအကြိမ် လွှတ်တော်ပြီးဆုံးသည့် နေ့လယ်စာစားပွဲသို့လည်း တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအား ပြည်ထောင်စုလွှတ်တော်နာယကက ဖိတ်ကြားရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၇(ခ) အရ သိရသည်။
နိုင်ငံတော်သမ္မတအနေဖြင့် ယခုကဲ့သို့ ပြည်ထောင်စုလွှတ်တော်၌ လာရောက်မိန့်ခွန်း ပြောကြားပြီးနောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးပွင့်ဆိုင် တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မေတ္တာရပ်ခံစာ ပေးပို့ထားကြောင်း သိရသည်။
နိုင်ငံတော်သမ္မတအနေဖြင့် မတ်လ ၉ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး မတ် ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တွေ့ဆုံခဲ့သည်။
Credit: Eleven Media

No comments:

Post a Comment