Angel on 2014-03-25 17:24
ဒီနေ့ ည (ဗုဒ္ဒဟူးနေ့ မနက်) မြန်မာစံတော်ချိန် ၂:၁၅ မှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာမြို့ ဒါဘီပွဲစဉ် ဖြစ်တဲ့ မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ တွေ့ ဆုံမှုကို အာဆင်နယ်ကစားသမားဟောင်း၊ ဘောလုံးပွဲခန့် မှန်းသူ ပေါလ်မာဆန်ရဲ့ ပွဲကြိုခန့် မှန်းမှုကို ဘာသာပြန်ဖော်ပြလိုက်ပါတယ်။
နှစ်သင်းစလုံးဟာ ဒီပွဲအနိုင်ရဖို့ အရေးကြီးနေပါတယ်။ ချယ်လ်ဆီးအသင်းကန်ရမယ့် နောက်ထပ်ပွဲစဉ်တွေကို ကြည့်မယ်ဆိုရင် ဒီပွဲဟာ မန်စီးတီးအတွက် သရေကျလို့ ကို မဖြစ်တဲ့ပွဲပါ။
ဇယားထိပ်ဆုံးကအသင်းသုံးသင်းကြား အမှတ်ကွာဟမှုဟာ အရမ်းကျဉ်းမြောင်းတဲ့အတွက် သူတို့ သုံးသင်း (ချယ်လ်ဆီး၊လီဗာပူးလ်၊မန်စီးတီး) လုံးဟာ လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ကန်ဖို့ အရမ်းအရေးကြီးပါတယ်။ မန်စီးတီးအတွက် ဒီပွဲဟာ သရေကျရင်ကို ပျော်ရွှင်စရာရလဒ်ပေးမှာမဟုတ်ပါဘူး။
မန်ယူအသင်းဘက်ကကြည့်မယ်ဆိုရင် ဒါက မန်စီးတီးကို ဖလားမရဖို့ တားဆီးမှုသက်သက်ပါပဲ။ သူတို့ ဟာ လွန်ခဲ့တဲ့အပတ်ကလည်း လီဗာပူးလ်ကို ပိတ်ဆို့ ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် မရခဲ့ဘူး။ ဒါကြောင့် အခု သူတို့ မန်စီးတီးကို တားဆီးဖို့ လိုအပ်ပါပြီ။
မန်ယူကစားသမားတွေဟာ အိုလံပီယာကော့စ်ကို အနိုင်ယူပြီး စိတ်ဓာတ်တွေတက်ကြွလာသလို ၀ိန်းရူနီကလည်း ၀က်စ်ဟမ်းနဲ့ ပွဲမှာ အလှပဆုံးတစ်ဂိုးသွင်းယူနိုင်ခဲ့သေးတယ်။ သူတို့ ရဲ့ ယုံကြည်ချက်တွေ ပြန်ရရှိလာပါပြီ။ နောက်ဆုံးနှစ်ပွဲမှာ တစ်ဂိုးမှ မပေးခဲ့ရဘူး။ လီဗာပူးလ်ကို အရှက်တကွဲရှုံးနိမ့်ပြီးနောက်မှာတော့ မန်ယူဟာ နောက်ထပ်ဒီလိုအရသာကို ခံချင်ပုံရမှာမဟုတ်ပါဘူး။
ဒီပွဲမှာ ဗန်ပါစီ ပါမှာမဟုတ်ပေမယ့် မန်စီးတီးမှာလည်း ကွန်ပနီနဲ့ အဂူရိုတို့ ပါမှာမဟုတ်ဘူး။ ဒီကစားသမားနှစ် ယောက်ဟာ မန်စီးတီးရဲ့ အဓိကကစားသမားနှစ်ယောက်ပါ။ ကျွန်တော့်အထင်တော့ မန်စီးတီးနိုင်ဖို့ များပါတယ်။ ဒါပေမယ့် မန်ယူက ဒီဒါဘီပွဲမှာ ရလဒ်ကောင်းတွေရှိခဲ့ဖူးတယ်။
ဖြစ်နိုင်ဖွယ်ကစားကွက်တွေကတော့ မန်ယူအသင်းဟာ ၄-၂-၃-၁ နဲ့ ပွဲထွက်ဖို့ ရှိပြီး မန်စီးတီးကလည်း ၄-၂-၃-၁ နဲ့ ပဲ ကစားပါလိမ့်မယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် ၁၃ ပွဲမှာ ၁၁ ပွဲအနိုင်ရရှိခဲ့ပြီး နောက်ဆုံး ၄ ပွဲဆက်တိုက် ဂိုးမပေးရသေးပါဘူး။
ဒီဇီကို ဦးဆောင်တဲ့ တိုက်စစ်နဲ့ နာဆရီ၊ ဆေးလ်ဗား၊ နာဗက်စ်၊ ဖာနန်ဒင်ဟို၊ ယာယာတိုရေး တို့ ရဲ့ ကွင်းလယ်ကို မန်ယူကွင်းလယ် ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် မန်ယူရဲ့ ရူနီဟာ အကောင်းဆုံးပုံစံ ပြန်ရနေပြီး ဂိုးသမား ဒီဂီယာကလည်း လက်စွမ်းပြနေတာမို့ မန်စီးတီးအတွက် ထင်သလောက် လွယ်မှာ မဟုတ်ပါဘူး။ ဗီဒစ် မပါနိုင်တဲ့ မန်ယူနောက်တန်းကို မန်စီးတီးတို့  ကောင်းကောင်းဒုက္ခပေးနိုင်ပါလိမ့်မယ်။ မန်ယူ ၁ - ၃ မန်စီးတီးလို့ ခန့် မှန်းထားပါတယ်။
Ref: Skysports.com, Goal.com
Trend Myanmar

No comments:
Post a Comment