Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 4, 2014

မီဒီယာတွေက ဘယ်လောက်ထိမေးနိုင်မလဲ ကာ/ချုပ်ကရောဘယ်လောက်ဖြေမလဲ


Tuesday, March 4, 2014

မတ်လ ၅ ရက်တွင် နေပြည် တော်သင်္ဂဟဟိုတယ်၌ ကျင်းပပြု လုပ်မည့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ ပထမဆုံးအကြိမ် မီဒီယာတွေ့ဆုံပွဲအတွက် ပြည် တွင်းမီဒီယာများသို့ဖိတ်ကြားထား သည့်အပေါ် အရပ်ဘက်လူ့အဖွဲ့ အစည်းများက အပြုသဘော ဆောင်သည့် ခြေလှမ်းအဖြစ် ကြို ဆိုလိုက်ကြကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲမှာ ၁၁ ကြိမ် မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအလွတ် သဘောအစည်းအဝေးသတင်းစာ ရှင်းလင်းပွဲဖြစ်ပြီး အစည်းအဝေး ၏ ပူးတွဲကြေညာချက်နှင့်မသက် ဆိုင်သော မေးခွန်းများကို လက်ခံ ဖြေဆိုပေးမည်မဟုတ်ကြောင်းနှင့် မေးခွန်းများ မေးမြန်းဖြေကြား ခြင်းအတွက် အချိန်မိနစ် ၃၀ လျာထားကြောင်း မှူးဇော်၏လူမှု ကွန်ရက် စာမျက်နှာတွင် ထုတ် ပြန်အသိပေးထားသည်။

အစောပိုင်းဖိတ်ကြားမှုတွင် မေးမြန်းလိုသော မေးခွန်းများကို ကြိုတင်ပေးပို့ရန် ညွှန်ကြားခဲ့ပြီး နောက် မေးခွန်းမေးမြန်းခြင်းအစီ အစဉ်ပါဝင်ခြင်းမရှိတော့ကြောင်း ပြန်လည်အကြောင်းကြားခဲ့ကာ နောက်ဆုံးတွင် ယင်းသို့မှူးဇော် က မေးခွန်းမေးမြန်းခြင်းနှင့် ပတ် သက်၍ အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတိုင်းပြည်၌ အရှိန် အဟုန်ပြင်းထန်လျက်ရှိသည့်ငြိမ်း ချမ်းရေးနှင့် အခြေခံဥပဒေပြင် ဆင်ရေးတို့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အခန်းကဏ္ဍ အထူးအရေးပါနေချိန်တွင် ယခု ကဲ့သို့ တွေ့ဆုံမှုမှ ရလဒ်ကောင်း များ ထွက်ပေါ်လာနိုင်ဖွယ်ရှိ သဖြင့် စာနယ်ဇင်းလောကနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများက စိတ်ဝင်တစားစောင့်မျှော်ကြိုဆို လျက်ရှိသည်။

““၂၀၀၈ ဖွဲ့စည်းပုံက ပေး အပ်ထားချက်အရ နိုင်ငံတော်မှာ ကာ/ချုပ်က ပါဝါအကြီးဆုံးလို ဖြစ်နေတယ်။ ဖွဲ့စည်းပုံကို ဒီမိုက ရေစီနည်းလမ်းတကျ ပြင်ဆင်တဲ့ နေရာမှာ ကာကွယ်ရေးဦးစီးချုပ် က ဘယ်လိုအခန်းကဏ္ဍကပါဝင် မလဲ။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ တွေ့ဆုံမှု အတွက်လည်း ကာ/ချုပ်လက်ခံ မယ်ဆိုရင် အရမ်းလှသွားမယ်။ အခု မီဒီယာတွေနဲ့ ဘယ်လောက် အထိ ရင်းရင်းနှီးနှီးတွေ့မလဲ။ ဘယ်လောက်ပွင့်လင်းမြင်သာမှု ရှိမလဲ။ လက်တွေ့ဖြေရှင်းနေရတဲ့ တပ်မတော်ရဲ့ မြေသိမ်းမှုတွေမှာ လည်း ဘယ်လောက်အထိ ဖြေ ရှင်းပေးမလဲ။ ဒါတွေကိုကြည့်ပြီး တော့မှပဲ ဒီတွေ့ဆုံပွဲဟာ အပြု သဘောဆောင်တာလား၊ တွေ့ ရုံသက်သက်လား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်””ဟု AAPP အဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုဘို ကြည်က ဆိုသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးကလည်း ““ဒီတွေ့ဆုံပွဲ က အပြုသဘောဆောင်တဲ့ မြင် ကွင်းတစ်ခုလို့ မြင်ပါတယ်။ နိုင်ငံ ရေးတိုးတက်လာမှုတစ်ခုဖြစ်ပါ တယ်။စစ်တပ်ရဲ့သဘောသဘာဝ ကိုလည်း မီဒီယာကတစ်ဆင့် ပြည်သူတွေသိအောင် ပြောနိုင် မယ်လို့ထင်ပါတယ်။ ကျွန်တော် မြင်တာကတော့ ပြည်တွင်းငြိမ်း ချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေးကိစ္စမှာ စစ်တပ်ရဲ့အခန်း ကဏ္ဍဘယ်လိုရှိမယ်ဆိုတာ ပြော လိမ့်မယ်ထင်ပါတယ်။ မီဒီယာ တွေက ဘယ်လောက်အထိမေး နိုင်မလဲ။ ကာ/ချုပ်ကရော ဘယ် လောက်ဖြေမလဲ စိတ်ဝင်စားမိပါ တယ်ဗျာ””ဟု ပြောကြားလိုက် သည်။ 

ဇော်မြင့်

မြန်မာ့ခေတ်

No comments:

Post a Comment