နောက်ဆုံး ရေးသားချိန် 7 မတ်လ 2014 - 16:55 GMT
မျိုးစောင့် ဥပဒေတွေ ပြဌာန်းဖို့ သံဃာနဲ့ ပြည်သူ တစ်သန်းကျော် သမ္မတကို တိုက်တွန်းခဲ့
မြန်မာ နိုင်ငံတွင်းက ရဟန်းရှင်လူ ပြည်သူ တွေက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေ ၄ ခု ပြဌာန်းပေးရေး အတွက် တောင်းဆိုထားခဲ့မှုမှာ ဥပဒေကြမ်း နှစ်ရပ် ရေးဆွဲဖို့ ကော်မရှင် တစ်ရပ်ကို သမ္မတ ဦးသိန်းစိန်က မတ်လ ၇ ရက် ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက် ပါတယ်။
တောင်းဆိုထားတဲ့ ဥပဒေ ၄ ခု ထဲက ဘာသာ ကူးပြောင်းခွင့်နဲ့ လူဦးရေ တိုးပွားမှု ထိန်းချုပ် ရေးဆိုင်ရာ ဥပဒေနှစ်ခုအတွက် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဥက္ကဋ္ဌ အဖြစ် ပါဝင်တဲ့ အဖွဲ့ဝင် ၁၂ ယောက် ပါတဲ့ ကော်မရှင်က ရေးဆွဲဖို့ သမ္မတက ဖွဲ့စည်း ပေးလိုက်တာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ
မျိုးစောင့် ဥပဒေတွေကိစ္စ သမ္မတကို လွှတ်တော် အကြောင်းပြန်
မျိုးစောင့် ဥပဒေ တောင်းဆိုချက် လွှတ်တော်ကို သမ္မတပို့
လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း၊ နဲ့ တစ်လင် တစ်မယား စနစ် ကျင့်သုံးရေး ဆိုင်ရာ ဥပဒေကြမ်း တွေကတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ သက်ဆိုင်တဲ့အတွက် ပြည်ထောင်စု လွှတ်တော်က ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို ဆက်သွယ် ဆောင်ရွက်ဖို့ လွှတ်တော် နာယကကို သမ္မတက အကြောင်းကြား ခဲ့ပါတယ်။
ရေးဆွဲပြီးတဲ့ ဥပဒေကြမ်းတွေကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး သမ္မတကို တင်သွင်း ကြရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ CNF ချင်းအမျိုးသား တပ်ဦး အဖွဲ့က ဆလိုင်း လျန်မုန်း ကတော့ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုစည်း နေထိုင်တဲ့ မြန်မာ နိုင်ငံမှာ လူများစု မြန်မာတွေရဲ့ အမျိုးဘာသာ ကို ကာကွယ် စောင့်ရှောက်ဖို့ ဆိုတဲ့ ဥပဒေတွေ ရေးဆွဲဖို့ လုပ်ဆောင်မှုဟာ အန္တရာယ် ကြီးတယ်လို့ ပြောပါတယ်။
မြန်မာ နိုင်ငံမှာ လက်ရှိ လူမျိုးရေး ဘာသာရေး ပဋိပက္ခ ပြဿနာတွေ ရှိနေချိန်မှာ ဒီဥပဒေတွေကို ပြဋ္ဌာန်းလိုက်ရင် ပြဿနာတွေ ပိုရှုပ်ထွေး သွားနိုင်တယ်၊ ဒါကြောင့် သမ္မတ အနေနဲ့ မူလ ကတည်းက မဆောင်ရွက် သင့်ဘူးလို့ သူ ယူဆကြောင်း ဆလိုင်းလျန်မုန်းက ဘီဘီစီကို ပြောပါတယ်။
BBC
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 7, 2014
မျိုးစောင့် ဥပဒေများ ရေးဆွဲရေး သမ္မတ တာဝန်ပေး
မျိုးစောင့် ဥပဒေများ ရေးဆွဲရေး သမ္မတ တာဝန်ပေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 07, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 07, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment