Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 31, 2014

အက်ရှင်ဇာတ်ကား ရိုက်ကူးတော့မယ့် ထားထက်ထက်

စန္ဒီ on 2014-03-31 15:54
Miss Grand Myanmar  ထားထက်ထက်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ ‘ထက်ထက် အခု ဒီလအတွင်းကတော့ ပရဟိတအလုပ်တွေ လုပ်ဖြစ်တာ များတာပေါ့။ ဇာတ်ကားရိုက်ကူးဖို့ရှိတယ်။ အဲဒီ့အတွက် ရိုက်ကွင်းတွေကို သွားရောက်လေ့လာတယ်။ အက်ရှင်ကား ရိုက်ကူးမှာပါ။ ဒီနှစ်ထဲမှာပဲ ရိုက်ဖြစ်သွားမှာပါ။ အက်ရှင်ဇာတ်ကား ရိုက်ကူးမှုက ကိုယ့်အတွက် ပထမဦးဆုံး ဖြစ်တာကြောင့် တကယ်ရိုက်တဲ့အခါမှာ ကိုယ့်အတွက် အစိမ်းသက်သက် မဖြစ်ရအောင်လို့ ရိုက်ကွင်းတွေကို လေ့လာတယ်။ အဲဒီ့အတွက် အခက်အခဲတွေ အများကြီး မရှိတော့ဘူးလို့  ထင်တယ်။ နောက်ပြီး ဖိုက်တင်ပိုင်းကျတော့ အရင်ကတည်းက ကိုယ်က ကျွမ်းဘားကစားတယ်။ ကိုယ်လည်း တကယ်လုပ်နိုင်မယ် ထင်တယ်။ အခက်အခဲတွေ မရှိအောင်လို့လည်း ထက်ထက်ဘက်က ကြိုတင် ပြင်ဆင်နေပါတယ်။’လို့ သူမက ပြောပြသွားပါတယ်။ 
Trend Myanmar

No comments:

Post a Comment