Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 3, 2014

လော့စ်အိန်ဂျလိစ်မှာ လုပ်တဲ့ အော်စကာဆုပေးပွဲ



နောက်ဆုံး ရေးသားချိန် 3 မတ်လ 2014 - 12:58 GMT
Twelve Years a Slave အဖွဲ့သားတွေ အောင်ပွဲခံစဉ်

လော့စ်အိန်ဂျလိစ် မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ ၈၆ ကြိမ်မြောက် အော်စကာဆု ပေးပွဲမှာ ဗြိတိသျှ လူမည်းဒါရိုက်တာ Steve McQueen ရဲ့ လက်ရာ Twelve Years a Slave ဇာတ်ကားဟာ အကောင်းဆုံး ရုပ်ရှင်ဆု ရရှိသွားပြီး လူမည်း ဒါရိုက်တာ ရိုက်ကူးတဲ့ ပထမဆုံး အော်စကာဆုရ ရုပ်ရှင်အဖြစ် စာရင်းဝင်သွားပါတယ်။

ဒီဇာတ်ကားထဲက ကင်ညာလူမျိုး သရုပ်ဆောင် Lupita Nyong'o ကလည်း အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ဆွတ်ခူးခဲ့သလို၊ John Ridley ဟာလည်းပဲ အကောင်းဆုံး မှီငြမ်း ဇာတ်ညွှန်းဆုကို ရရှိခဲ့ပါတယ်။

အာကာသ သည်းထိတ်ရင်ဖိုကား Gravity ကတော့ မက္ကဆီကန် လူမျိုး ဒါရိုက်တာ Alfonso Cuaron ဆွတ်ခူးတဲ့ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ၇ ဆု ရသွားပါတယ်။

Matthew McConaughey က အကောင်းဆုံး အမျိုးသားဆုနဲ့ Jared Leto က ဇာတ်ပို့ အမျိုးသားဆုတို့ အသီးသီး ရရှိခဲ့တဲ့ Dallas Buyers Club ဇာတ်ကားဟာလည်း အောင်မြင်တယ်လို့ ဆိုရမှာပါ။

အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ Blue Jasmine ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ Cate Blanchett က ရရှိသွားပါတယ်။
BBC
 အော်စကာ ဆုပေးပွဲညရဲ့ ပထမဆုံးချီးမြှင့်တဲ့ ဆုဖြစ်တဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိသူ Jared Leto။ Dallas Buyers Club ဇာတ်ကားမှာ HIV ကူးစက်ခံထားရတဲ့ လိင်ပြောင်း အမျိုးသမီးအဖြစ် သရုပ်ဆောင်ထား
 အကောင်းဆုံး သရုပ်ဆောင်ဆုရသူ Matthew McConaughey ကို အနမ်းပေးနေတဲ့ Leonardo DiCaprio
 အကောင်းဆုံး သရုပ်ဆောင်ဆုရသူ Matthew McConaughey ကို အနမ်းပေးနေတဲ့ Leonardo DiCaprio
 အကောင်းဆုံး ဒါရိုက်တာဆု ရရှိသူ Gravity ဒါရိုက်တာ Alfonso Cuaron
 ဆုကြီးဖြစ်တဲ့ အကောင်းဆုံး ဇာတ်ကားဆုကို 12 Years a Slave ရုပ်ရှင်က ရရှိအပြီး ခုန်ပေါက် ပျော်မြူးနေတဲ့ ဒါရိုက်တာ Steve McQueen

No comments:

Post a Comment