Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 4, 2014

စံချိန်တင်အသုံးပြုသူများဖြင့် Facebook ၁၀ နှစ်တာ ပြည့်မြောက်ပြီ



အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၄ရက်၊ ၂၀၁၄ခုနှစ်။

ကယ်လီဖိုးနီးယား။ ။ လူမှုကွန်ယက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Facebook သည် ဖေဖော်ဝါရီ ၃ ရက်တွင် တည်ထောင်ခြင်း ၁၀နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ကုမ္ပဏီ၏ ကြော်ငြာချက်များအရ လက်ရှိအသုံးပြုသူဦးရေသည် ၁.၂၃ ဘီလီယံရှိနေပြီ ဖြစ်သည်ဟု သိရသည်။ ထို့အပြင် Faebookက သူ၏ ၁၀ နှစ်ပြည့်မြောက်ခဲ့သည့် အထိမ်းအမှတ်အနေဖြင့် lookback အမည်ရ feature တစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။

အသုံးပြုသူများအနေဖြင့် အဆိုပါ look back တွင် အနှစ်နှစ်အလလ စုဆောင်းခဲ့သော ဓါတ်ပုံများ၊ ဗီဒီယိုများကို တပေါင်းတစည်းတည်း ကြည့်ရှုနိုင်ခဲ့ပြီး ကုမ္ပဏီမှ “thank you” စာတန်းကိုလည်း ဖော်ပြခဲ့သည်။

Facebookက ယခုကဲ့သို့ အထူး feature တစ်ခုဖြစ်သော look backကို ပြုလုပ်ရခြင်းသည် အသုံးပြုသူများကို အထူးကျေးဇူးတင်လိုခြင်းကြောင့် ဖြစ်သည်ဟု ကြေညာခဲ့သည်။ “ ကျွန်တော်တို့အနေနဲ့ ရင်ခုန်စရာ ခရီးတစ်ခုကို ဖြတ်သန်းရတာပါ။ ဒီခရီးမှာ သန်းပေါင်းများစွာသော သူတွေနဲ့အတူ ကျွန်တော် ပါဝင်ခွင့်ရတာတဲ့ အတွက် အလွန်ဝမ်းသာမိပါတယ်” ဟု Facebook ၏ CEO ဖြစ်သူ Mark Zuckerbergက ပြောကြားသည်။

ထို့နောက် ၎င်းက ဆက်လက်၍ နောင်လာမည့် နှစ်များတွင်လည်း အသုံးပြုသူများအပေါ် အခွင့်ရေးကောင်းများနှင့် အတွေ့အကြုံသစ်များရရှိအောင် ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။ Facebookက လက်ရှိအချိန်တွင်လည်း အသုံးပြုသူများ စိတ်ကျေနပ်မှုရရှိစေရန် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပြီး မကြာသေးမီကာလတွင်လည်း Paper for iPhone ဟူသော မိုဘိုင်းလ် application သစ်ကို ထုတ်လုပ်ခဲ့သည်။
Credit: Mizzima - News in Burmese
Ref: PC World

No comments:

Post a Comment