Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 4, 2014

ချစ်သူများနေ့အတွက် တစ်ရက်တာ အစမ်းချစ်သူဖြစ်မယ့် ကစားပွဲ လာပြီ


Tuesday, February 4, 2014

ဗလင်တိုင်းမ်ဒေး ဟု သိရှိထားကြသည့် ချစ်သူများနေ့ ရောက်ရှိရန် နီးကပ်လာသည့်နည်းတူ မြန်မာလူငယ်များအကြား ဆန်းသစ်တီထွင်မှုများစွာ ပြုလုပ်နေချိန်တွင် ယခုနောက်ဆုံး အစမ်းချစ်သူ ဂိမ်းတစ်ခုကို ချစ်သဲဖြူဖြူ အမည်ရှိ အမျိုးသမီးလေးက စတင်လိုက်ကြောင်း သိရှိရသည်။

ချစ်သဲဖြူဖြူသည် ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည်ပိုင်း၌ စတေးတပ်တစ်ခု စတင်လွှင့်တင်ခဲ့သည်။ ယင်းစတေးတပ် အပြည့်အစုံမှာ "Tonight 12:00နာရီမှစ၍ 13 ရက်နေ့အထိ ကျွန်မကိုချစ်ကြိုက်သူအားလုံး လိုက်နိုင် ပါသည်။ ကျွန်မကိုမသိအောင် ရည်စားစကားပြောနိုင် သူ အဲ့ထိထဲမှာကျွန်မအကြိုက်ဆုံးသူကို ရွယ်ချယ်မှာဖြစ်ပါသည်။အဲ့လူကိုValentine dayမှာကျွန်မနှင့်အတူ ရှိုးပွဲအတူကြည့်ရပါဖြစ်ပါသည်။ ပီးတော့ ၁ရက်ဘဲ တွဲမှာပါ။ VDay ပီးတာနဲ့အဲ့လူ ဟာကျွန်မရဲ့Friပြန်ဖြစ် မှာပါ။အ ပျော် ကစားနည်းလို့သက်မှတ်လိုက်ပါ" ဟူ၍ ဖော်ပြထားသည်။

ယင်းဖော်ပြချက်တွက် တက်ဂ်လုပ်ထားသူ စုစုပေါင်း ၉၉ ယောက်ရှိရာ အဆိုပါ ၉၉ ယောက်အနက် ပါဝင်သော ယောင်္ကျားလေးအားလုံးကို ရည်ညွှန်းပုံရသည်။

ချစ်သဲဖြူဖြူအမည်ရှိ မိန်းကလေး၏ အစီအစဉ်အရ ချစ်သူများနေ့ တစ်ရက်တာ အစမ်းချစ်သူ ရွေးချယ်ရန် အကြိုက်ဆုံးသူကို ရှာဖွေမည့် အစီအစဉ်မှာ စိတ်ဝင်စားစရာ ကောင်းလှပြီး စိတ်ဝင်စားသူ လူငယ် ယောင်္ကျားလေးများ ဆက်သွယ်နီုင်ပြီ ဖြစ်သည်။

ချစ်သဲဖြူဖြူ၏ လူမှုကွန်ရက်လိပ်စာကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။ ကံကောင်းကြပါစေ။

https://www.facebook.com/chit.phyu.52

ပြည်သူ့ အာဏာ

No comments:

Post a Comment