Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 17, 2014

အစိုးရ တားမြစ်မှုကြောင့် ကချင်ပြည်နယ်တွင် ရိက္ခာထောက်ပံ့ရန် ခက်ခဲဟု EU ဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

တပ်မတော်နှင့် ကေအိုင်အေတို့အကြား စစ်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့မှုကြောင့် နေရပ် စွန့်ခွာခဲ့ရသည့် စစ်ဘေး သင့်ပြည်သူများကို ရိက္ခာ ထောက်ပံ့ရာ၌ အချို့ဒေသများတွင် အစိုးရ၏ တားမြစ်မှုကြောင့် အခက်အခဲများ ဖြစ်နေကြောင်း ကချင်ပြည်နယ်သို့ သွားရောက် လေ့လာခဲ့သည့် ဥရောပသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့ ပေးရေး ကော်မရှင် အထူးကိုယ်စားလှယ်များက ပြောကြားသည်။

ကချင်ပြည်နယ်ရှိ အချို့ဒေသများတွင် ဒုက္ခသည်များကို အထောက်အပံ့များ ပေးရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများကို တားမြစ်မှုများ ရှိနေသောကြောင့် တရုတ်နိုင်ငံ နယ်စပ်မှတစ်ဆင့် ဖြတ်ကျော်၍ အထောက်အပံ့များ ပေးနေရကြောင်း အဆိုပါ ကိုယ်စားလှယ် အဖွဲ့များက ခရီးစဉ်အပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ပြောကြားထားသည်။
“ကျွန်တော်တို့ လုံခြုံရေးအရ တားမြစ်တာပါ။ အချို့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနေတယ်။ သွားလို့ရတဲ့ နေရာတွေဆို မတားပါဘူး။ သူတို့တွေက နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖြစ်နေတယ်။ သူတို့ တစ်ခုခု ဖြစ်ရင် ကျွန်တော်တို့ တာဝန် ဖြစ်နေလို့ပါ” ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ် ရေးထိုးပြီးပါက ယင်းဒေသအတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ လုံခြုံရေးအရ အန္တရာယ်များ ကင်းရှင်းသွားပါက အတားအဆီးမရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်၍ ရိက္ခာ ထောက်ပံ့နိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဥရောပသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အထောက်အပံ့ပေးရေး ကော်မရှင်မှ ကိုယ်စားလှယ် များသည် အတားအဆီး များကြောင့် အစိုးရ ထိန်းချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည် စခန်းအချို့ကိုသာ သွားရောက် လေ့လာခဲ့ရကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂသည် ကချင်ပြည်နယ်အတွင်း ဒုက္ခသည်များကို ထောက်ပံ့ရန်အတွက် ၂၀၁၃ ခုနှစ် အတွင်းက အမေရိကန်ဒေါ်လာ ၁၄ဒသမ ၅ သန်း လှူဒါန်းခဲ့ပြီး ယခုနှစ်အတွက် ဒုက္ခသည်များကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြစ်သည့် အစားအစာ၊ သောက်သုံးရေ၊ ရွက်ဖျင်တဲများ ပေးအပ်ရန် ဥပရောပသမဂ္ဂမှ ကိုယ်စားလှယ်များက လာရောက် လေ့လာခြင်း ဖြစ်သည်ဟု ကိုယ်စားလှယ်များက ပြောကြားသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား ၂၀၁၁ ခုနှစ် ဇွန်လ အတွင်းမှစ၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့မှုကြောင့် ဒုက္ခသည် စခန်းများတွင် နေရပ်စွန့်စွာ စစ်ဘေးသင့် ဒုက္ခသည် တစ်သိန်းကျော် ရှိသည်။


The Voice Weekly

No comments:

Post a Comment