Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 26, 2014

ကာရိုက်တာ အပြောင်းအလဲတွေနဲ့ အနုပညာခြေလှမ်းတွေ စိပ်လာတဲ့ မင်းသွေး

 
ခင်ဆွေသက် on 2014-02-26 13:57
မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ ငြိတွယ်ဆိုတဲ့ ဇာတ်ကားနဲ့ပတ်သတ်ပြီး ရိုက်နေစဉ်အတွင်းမှာ နေမကောင်းဖြစ်ခဲ့တဲ့အတွက် သူ့ရဲ့ သရုပ်ဆောင်မှုတွေနဲ့ပတ်သတ်ပြီး အားနည်းသလို ခံစားမိတာကြောင့် သူ့ကို ရှုတင်တစ်ခုမှာ တွေ့ဆုံခိုက် လတ်တလောလှုပ်ရှားမှု အကြောင်းလေး အပြင် ငြိတွယ်ဇာတ်ကားနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်လိုက်တဲ့အခါ ‘ခုရိုက်နေတဲ့ ကားလေးက ချိုသောအရှုံးတဲ့။ ဒါရိုက်တာက ကိုပေါက်၊ မင်းသမီးက မဒါဒါနဲ့ ဆုမြတ်နိုးဦးပါ။ ဒီကားလေးက နည်းနည်းဆန်းတယ်။ ကျွန်တော်မမကြီး ဇာတ်လမ်းတွေ သိပ်မရိုက်ဖူးသေးဘူး။  အဲဒါနဲ့ကိုပေါက်နဲ့ တိုင်ပင်ပြီး ရိုက်ခဲ့တာပေါ့။ ကာရိုက်တာကတော့ လူငယ်ကာရိုက်တာပဲ။ သန့်သန့်ပြန့်ပြန့် နေတတ်တယ်။ ခုခေတ်ရပ်ကွက်ထဲက လူငယ်ကာရိုက်တာပဲ။ လုပ်တာက ၀ပ်ရှော့မှာလုပ်တယ်။ ဒါပေမဲ့ အ၀တ်အစား ၀တ်ရင် ဘေထဲကနေ သန့်သန့်ပြန့်ပြန့်လေး ၀တ်တယ်။ဇာတ်လမ်းပုံစံတွေကတော့ တူတူပါပဲ။ တကယ်ချစ်မိသွားတဲ့အချိန်မှာ ကြီးတယ် ငယ်မဟုတ်ဝူး။ အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ကို ချစ်မိသွားတဲ့ ကာရိုက်တာလေးပါပဲ။ ကိုပေါက်ဆီမှာက အဓိက ကဇာတ်ကရှိပြီးသားပဲ။ ဇာတ်လေးတော့ သူများနဲ့မတူအောင် နည်းနည်းပြောင်းထားတယ်။
ငြိတွယ်ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း သူက ‘ခုထွက်ထားတဲ့ ငြိတွယ်ဆိုတဲ့ကားလေးဆို ကာရိုက်တာကို တော်တော် သဘောကျတယ်။ မင်းသားက အစ်ကိုဖြစ်နေတာလဲပါတယ်။ ၀တ္ထုဖတ်ကတည်းက အရမ်းကြိုက်တဲ့ စကားလုံးလေးတွေ အဲ့ဒီကားထဲမှာ ပါတယ်။ ကျွန်တော်အရမ်းကိုသဘောကျလို့ရိုက်ခဲ့တာ။ မိန်းမတစ်ယောက်က ကိုယ့်ကိုမချစ်ဘူးပြောလို့ မျက်နှာကို အက်စစ်နဲ့ ပက်တယ် ဆိုတဲ့ ယောကျာ်းတစ်ယောက်ရဲ့ စိတ်ဓာတ် က တော်တော်လေးလဲ အောက်တန်းကျတယ် ပြောရမှာပေါ့။ အဲ့ဒီလိုကာရိုက်တာပေါ့။ ဒါပေမဲ့ လူငယ်တစ်ယောက်အနေနဲ့အချစ်ကို ရူးသွပ်တယ်ပေါ့။ ဆိုကြပါစို့။ အစ်ကိုကမေးတယ်။ မင်းဒီလိုလုပ်လို့ ထောင်ကျမှာ မကြောက်ဘူးလားတဲ့။ ဘာလို့ကြောက်ရမှာလဲ။ ကျွန်တော်ကလဲ ကျွန်တော်လုပ်စရာရှိတာ ကျွန်တော်လုပ်တာ။ ဥပဒေကလဲ သူလုပ်စရာရှိတာ သူလုပ်လိမ့်မယ်တဲ့။ အရမ်းကို လူငယ်ဆန်တဲ့ စကားလုံးလေးတွေ ကာရိုက်တာအရလဲ မိုက်တယ်ဆိုတော့ ရွေးရိုက်ခဲ့တယ်။ ဒီကားကဆင်းလ်နည်းတယ်။ အဲလိုကားမျိုးရှေ့မှာ အခန်းများတယ်။လာငှားဖူးတယ်။ ဒါပေမဲ့ မရိုက်ခဲ့ဘူး။ ငြိတွယ်ကားရိုက်တုန်းကဆို ဖျားနေတယ်။ ဆေးသောက်ပြီး ရိုက်ရတဲ့အခန်းတွေ ရှိခဲ့တယ်။ ဒါပေမဲ့ပရိသတ်က လက်ခံပေးတော့ ကျေနပ်ပါတယ်’တဲ့။

No comments:

Post a Comment