Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 3, 2014

လေကြောင်းခရီးသွားများ ကန်ဒေါ်လာ ၅၀၀ တန်ဖိုးထိ ကုန်ပစ္စည်းများ ဒဏ်ကြေးမပေးဘဲ သယ်ဆောင်နိုင်

အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၀င်ရောက်လာသော ခရီးသည်များသည် အမေရိကန်ဒေါ်လာ ၅၀၀ တန်ဖိုးရှိ ၀န်စည်ပစ္စည်းများကို ဒဏ်ကြေးပေးဆောင်ရန်မလိုဘဲ တရားဝင်အခွန်ဆောင်ကာ တင်သွင်းခွင့်ပြုရန် ဇန်န၀ါရီ ၃၁ ရက်မှစ၍  တိုးမြှင့်သတ်မှတ်လိုက်ကြောင်း  အကောက်ခွန်ဦးစီးဌာနမှ   အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

ထိုကုန်ပစ္စည်းများတွင် နိုင်ငံတော်မှ တင်သွင်းခွင့်ပိတ်ပင်ထားသော ကုန်ပစ္စည်းများကိုမူ သယ်ယူခွင့်မရပေ။ တစ်ကိုယ်ရေသုံးအတွက် လေဆိပ်များမှ သတ်မှတ်ထားသောစာရင်းထက် ပိုလာသော ပစ္စည်းများကို ထိုစနစ်ဖြင့် ခွင့်ပြုမည်ဖြစ်သည်။

တင်သွင်းခွင့်ပိတ်ပင်ထားသော ပစ္စည်းများတွင် နိုင်ငံတော်ကန့်သတ်ပစ္စည်းများအပါအ၀င် ဆက်သွယ်ရေးပစ္စည်းများနှင့် ဆေးဝါးများလည်း ပါဝင်မည်ဖြစ်သည်။ ယခင်က လေဆိပ်မှ ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် ဒေါ်လာ ၅၀ အောက် ကုန်ပစ္စည်းများကိုသာ အခွန်ဆောင်၍ တင်သွင်းခွင့်ပေးပြီး   ကျန်ပစ္စည်းများကို သယ်ဆောင်လာပါက စည်းကြပ်တန်ဖိုး၏ တစ်ဆ ဒဏ်ကြေးပေးဆောင်ရသည့်အပြင် ကျသင့်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကိုပါ ပေးဆောင်ပြီးမှ တင်သွင်းခွင့်ပြုကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

““အရင်က ဒေါ်လာ ၅၀ အောက်ပဲ အခွန်ဆောင်သွင်းလို့ရတာ။ ပိုရင် ဒဏ်ကြေးပါ ထပ်ဆောင်ရတယ်။ အခုပြောင်းလိုက်တာက တင်သွင်းတဲ့ပုံစံ ပြောင်းလိုက်တာကြောင့် အကောက်ခွန်ကလည်း လိုက်ပြောင်းလိုက်တာ””ဟု ၎င်းကပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်လာ ၅၀၀ အောက် တန်ဖိုးရှိ ပစ္စည်းများ INVOICE/Voucher တင်ပြနိုင်ပါက အဆိုပါဈေးနှုန်းများအတိုင်း အခွန်စည်းကြပ် ကောက်ခံသွားမည်ဖြစ်သော်လည်း ဈေးနှုန်းလိမ်လည်လာသည်ဟု သံသယရှိ၍ စည်းကြပ်ရန်မသင့်လျှင်လည်းကောင်း၊ INVOICE/Voucher မပါခဲ့သော်လည်းကောင်း အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ စည်းကြပ်တန်ဖိုးသတ်မှတ်၍ ကျသင့်ခွန် ကောက်ခံမည်ဖြစ်သည်။

၎င်းအခွန်ကောက်ခံသည့်ပုံစံ တိုးမြှင့်သတ်မှတ်လိုက်သောကြောင့် ဒေါ်လာ ၅၀၀ ထက် ပိုသော ပစ္စည်းများသည် အကောက်ခွန် လုပ်ထုံးလုပ်နည်းအတိုင်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit  : 7day daily

No comments:

Post a Comment