Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 23, 2014

အမည်မသိအမျိုးသားတစ်ဦး ရထားတိုက်ခံရသဖြင့်သေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

၂၃.၂.၂၀၁၄ ရက်နေ့ ၀၅၁၅ အချိန် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှိုင်မြို့ နယ်၊ (၅)ရပ်ကွက်၊ သီရိမြိုင်ဘူတာနှင့် ချောင်းကူးတံတားအနီး၊ မိုင်တိုင်အမှတ် ၆/၁၀ နှင့် ၆/၁၁အကြားတွင် အမျိုးသားတစ်ဦး ရထားတိုက်ခံရသဖြင့် သေဆုံး
ကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ အမည်မသိ၊ အသက် (၅၀)နှစ်ခန့်၊ အရပ်၅ပေ၇လက်မခန့်၊ အသားဖြူ၊ ဆံပင်တို၊ အပြာနုရောင်ရှပ်အင်္ကျီလက်တိုဝတ်ဆင်ထားသည့် ဗမာအမျိုးသားတစ်ဦး
မှာ နဖူးကွဲ၊ ဦးနှောက်ထွက်၊ ယာတံတောင်ဆစ်ပြတ်၊ ယာဒူး၊ ယာခြေဖမိုး ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၀၄၅၀ အချိန်ခန့်က အင်းစိန်မှ ရန်ကုန်မြို့တွင်းသို့မောင်းနှင်လာသော စက်ခေါင်းအမှတ် DD 918 မင်းသား(၁)ရထားဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ပိတောက်ချောင်းနယ်မြေရဲစခန်းသေမှုသေခင်းအမှတ် စဉ်(၂/၂၀၁၄)ရေးဖွင့်စစ်ဆေးလျက်ရှိပြီးသေဆုံးသူအား စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment