Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 28, 2014

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသားများ စုပေါင်း၍ ရိုးရာမုန့်ပွဲတော် ကျင်းပမည်


မန္တလေး၊ ဖေဖော်ဝါရီ ၂၇
အာဟာရဖြစ်မှုနည်းပါးသော အဆာပြေ ပြည်ပနိုင်ငံထုတ် မုန့်များစားသုံးမှု များပြားနေ၍ မြန်မာနိုင်ငံ ဒေသအချို့တွင် မြန်မာ့ရိုးရာ မုန့်များ စားသုံးရေး လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်း ဒေသကြီး စဥ့်ကိုင်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ၇၀၀ ဦးခန့် စုပေါင်းပါဝင်မည့် ရိုးရာမုန့်ပွဲတော်ကို ဖေဖော်ဝါရီလ၂၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း အဆိုပါပွဲ ဖြစ်မြောက်ရေး တာဝန်ရှိသူ ဦးသန်းထွန်းအောင်က ပြောကြားသည်။

အဆိုပါ မုန့်ပွဲတော်ကို စဥ့်ကိုင်မြို့နယ် ဥယျာဉ်လေးကျေးရွာရှိ တိုင်းရင်းသား မိဘမဲ့ကျောင်း (ဘုန်းတော်ကြီးသင် ပညာရေးကျောင်း) တွင် ယင်းနေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည် ဖြစ်ကြောင်း ဦးသန်းထွန်းအောင်က ပြောကြားသည်။
“ကလေးတွေ အမှန်တကယ် စားနေတဲ့ မုန့်တွေက ဘာတွေလဲ ဆိုတာကို Survey လုပ်ချင်တယ်။ ပြီးရင် Government နဲ့မိဘတွေကို အသိပညာ ပေးချင်တာကြောင့် အခုလို မုန့်ပွဲတော် ပြုလုပ်ဖြစ်တာပါ” ဟု ၎င်းက ထပ်လောင်းဆိုသည်။

အဆိုပါ မုန့်ပွဲတော် ဖြစ်မြောက်ရေးအတွက် Mandalay Affair Team နှင့် လွတ်လပ်ငှက်ငယ်များ ပျံသန်းခြင်း ပညာရေး ပရဟိတအသင်းတို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး မြင့်မြတ်ဧရာဝတီ အသင်းက ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း အဆိုပါပွဲ ဖြစ်မြောက်ရေး တာဝန်ရှိသူ တစ်ဦးက ထပ်မံပြောကြားသည်။

“မြန်မာ့ရိုးရာအစားအစာ ၁၀ မျိုးကို ကျွေးမွေးမယ့် အစီအစဉ်တွေ ရှိတော့ မြန်မာ့ရိုးရာ မုန့်တွေကို မြှင့်တင်ပေးသလို ဖြစ်တယ်။ ဗဟုသုတတွေ ပေးတာလည်းပါတော့ ကောင်းပါတယ်” ဟု မန္တလေးမြို့ဒေသခံ ကျောင်းဆရာ တစ်ဦးဖြစ်သူ ဦးညိုလင်းက ဆိုသည်။

အဆိုပါ ပွဲတော်တွင် တီဘီရောဂါ၊ HIV/AIDS ရောဂါများအကြောင်း ပညာပေးခြင်း၊ အစားအသောက်ဆိုင်ရာ ပညာပေးခြင်းနှင့် ဖျော်ဖြေမှုများ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါပွဲ ဖြစ်မြောက်ရေး တာဝန်ရှိသူတစ်ဦးက ထပ်လောင်း ပြောကြားသည်။

No comments:

Post a Comment