Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 28, 2014

သက်ဆင်ဇနီးဟောင်း ဝီစီမှုတ်သူတွေနဲ့ပက်ပင်းတွေ့


ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ဇနီးဟောင်း ပေါ့ဂျမန် ( Khunying Potjaman na Pombejra) ဟာ ဘန်ကောက်မြို့ ဆူကွန်ဗစ်အရပ်မှာ ရှိတဲ့ ဖက်ရှင် ပစ္စည်းတွေရောင်းချ တဲ့ ရှော့ပင်းမောလ် ထဲမှာ သူ့ နောက်က ခရာမှုတ်ပြီးလိုက်လာသူတွေကြောင့် အပြေးအလွှား ပြန်ထွက်သွားခဲ့ရပါတယ်။
သက်ဆင်နဲ့ သူ့ဇနီးဟောင်း ပေါ့ဂျမန်၊ ဓာတ်ပုံ- topnews.com
လူကုန်ထံတွေဈေးဝယ်ထွက်လေ့ရှိတဲ့ ဘန်ကောက်မြို့က Emporium ရှော့ပင်းမောလ်ထဲမှာ ဗုဒ္ဓဟူးနေ့က
ပေါ့ဂျမန် က ဈေးဝယ်ထွက်နေတုန်း ဖြစ်သွားခဲ့တာပါ။
အခု ဘန်ကောက်မှာ ဆန္ဒပြသူတွေ အဓိက သုံးတဲ့ ဝီစီတွေ မှုတ်ပြီး လူတချို့က သူ့နောက်က လိုက်သူတဦးက တော့ သူငယ်ချင်းတယောက်က သက်ဆင်ရဲ့ ဇနီးဟောင်း ပေါ့ဂျမန် ဈေးဝယ်ထွက်နေတဲ့အကြောင်း ဖုန်းဆက် လာ လို့ အခုလိုသွားပြီး ခရာမှုတ်ကာ ဆန္ဒပြလိုက်တာပါတဲ့။
ပေါ့ဂျမန်ကတော့ သူ့ကို အခုလို ဝီစီမှုတ်ပြီး လိုက်လံနှောက်ယှက်မှုဟာ သူတပါးရဲ့ ပုဂ္ဂလိက အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်ကို ပြောထားပါတယ်။
သက်ဆင်နဲ့ ပေါ့ဂျမန်တို့က တရားဝင်ကွာရှင်းပြတ်စဲခဲ့တာတော့ ကြာပါပြီ။ ဝီစီမှုတ်ပြီး ဈေးဝယ် စင်တာထဲက သက်ဆင်ရဲ့ ဇနီးဟောင်းနောက်ကို လိုက်ကြတဲ့ ရုပ်သံကိုလည်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
The Irrawaddy

No comments:

Post a Comment