Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 23, 2014

ဦးရာဇ်တော်ဓာတ်စေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ကြိုဆိုဂုဏ်ပြု


ဦးရာဇ်မင်္ဂလာကြိုးတံတား ပြုပြင်မွမ်းမံ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Sunday, February 23, 2014

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး
နှစ်စဉ်ကျင်းပလျက်ရှိသော ဗုဒ္ဓပူဇနိယ ပွဲတော်ကို မတ်လ ၂၂ ရက်မှ ၂၄ ရက်ထိ (၃)ရက်တိုင် ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာနှင့် သံဃဒါန ဆွမ်းကျွေးလှူဒါန်းပွဲ ရခိုင်ရိုးရာ ပြိုင်လောင်းပွဲ (၅ လံ၊ ၆ လံ၊ ၈ လံ) ရခိုင်ရိုးရာ ကျင်ပွဲ(ရွှေမောင်းတန်း၊ ငွေမောင်တန်း) ဆွမ်းတော်ကြီး
လောင်းလှူပွဲနှင့် အခြားပျော်ပွဲ ရွှင်ပွဲများစွာဖြင့် အထူးစည်ကားစွာ ကျင်းပသွား မည်ဖြစ်သည်။

ပွဲတော်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဦးရာဇ်မင်္ဂလာကြိုးတံတား
ပြုပြင်မွန်းမံတည်ဆောက်ပြီး လွှဲပြောင်းအပ်နှံ ခြင်း အခမ်းအနား ကို ဖေဖော်ဝါရီလ (၂၃)ရက် နံနက်(၉)နာရီက အဆိုပါတံတားထိပ်တွင် ကျင်းပရာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့ဝင်များ၊ ဂေါပကလူကြီး များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ စုံညီစွာတက်ရောက် ခဲ့ကြသည်။

သေလပိဋိပဗ္ဗတ တောင်ထိပ်တွင် တည်ရှိသည့် ဦးရာဇ်တော်ဓာတ် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးမှာ ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်အရ ရခိုင်ပြည့်ရှင် သူရိယစကကမင်းကြီးသည် ဘုရားရှင်၏ ဦးရာဇ်တော်ဓာတ်ကို ဌာပနပြီး သာသနာသက္ကရာဇ် ၂၂၂ ခုနှစ်တွင် တည်ထားခဲ့သော
ရှေးဟောင်းသမိုင်းဝင် အဓိကရ စေတီတော်မြတ်ကြီးဖြစ်သည်။ ရခိုင်ဘုရင်မင်းများအဆက်ဆက်က မွမ်းမံကုသိုလ်ပြုခဲ့ကြရာ မင်းဖလောင်း ဘုရင်သည် မဟာသကကရာဇ် ၉၅၃ ခု (အေဒီ)၁၅၉၁ တွင် ထပ်မံ တည်ထားခဲ့သော ဥာဏ်တော် ၁၅၃ ပေ လုံးပတ်တော် ၄၀၁ ပေရှိသည် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးဖြစ်ကြောင်း လေ့လာသိရှိရသည်။

Myanmaalinn

No comments:

Post a Comment