Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 4, 2014

အောင်မြင်မှုကို ကိုယ်ခံယူထားတဲ့ ခံယူချက်ပေတံနဲ့ တိုင်းတာတယ် ဟိန်းဝေယံ

အောင်မြင်မှုကို ကိုယ်ခံယူထားတဲ့ ခံယူချက်ပေတံနဲ့ တိုင်းတာတယ် ဟိန်းဝေယံလူသန်းပေါင်း ၆၀ ထဲမှာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက် ဖြစ်ဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ ကိစ္စရပ်ပါ။ အောင်ြမင် ကျော်ကြားသူတွေမှာ ဘယ်လိုကိုယ် ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်ထားလဲ၊ သူတို့ကဘယ်လို အကြောင်းအရာ တွေပေါ်မှာအသေးစိတ် အာရုံစိုက် ပြင်ဆင်ထားလဲဆိုတာ စိတ်ဝင်စားစ ရာပါပဲ။
အောင်မြင်မှုဆိုတာ ကိုယ့်စိတ်ခံယူထားတဲ့ ခံယူချက်ပေါ်မှုတည်တယ်
အောင်မြင်မှုမှာ ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုရယ်ဆိုပြီး ရှိတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေအမြင်မှာတော့ ကိုယ်ကရုပ် ပိုင်းဆိုင်ရာ အောင်မြင်နေတယ်ဆို ရင်တောင် စိတ်ပိုင်းဆိုင်ရာ အောင် မြင်ချင်မှ အောင်မြင်မှာပါ။ ဥပမာတစ်ကနေ တစ်ဆယ်အထိအောင် မြင်တယ်ဆိုပေမယ့် ဒီထက်မက ပိုပြီးအောင်မြင်ချင်တော့ ပိုပြီးကြိုး စားတယ်။ ဖြစ်မလာတဲ့အခါကျရင် စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုမရရှိဘဲ ဖြစ်နေပါလိမ့်မယ်။ အမှန်တကယ် တော့ အောင်မြင်မှုဆိုတာ ကိုယ် လုပ်ချင်တဲ့အလုပ်ကိုပုံမှန်လုပ်ရတယ်။ ပရိသတ်လည်းအဆင်ပြေ၊ ကိုယ် လည်းအဆင်ပြေတယ်ဆိုရင် ဒါဟာ ကိုယ့်အတွက် အားလုံးနဲ့ အဆင် ပြေတဲ့အောင်မြင်မှုလို့ထင်ပါတယ်။ အောင်မြင်မှုဆိုတာ ကိုယ့်စိတ်ထဲက လက်ခံထားတဲ့ ခံယူချက်အပေါ်မူ တည်နေတယ်လို့ထင်ပါတယ်။
အောင်မြင်မှု တစ်ခုမှာ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး
အောင်မြင်မှုမှာ လျှို့ဝှက်ချက် ဆိုတာမရှိပါဘူး။ တကယ်ကို ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားလို့ရလာတဲ့ ဆုတစ်ခုဆိုတော့ ဘာလျှို့ဝှက်ချက် မှ မရှိပါဘူး။ ကိုယ့်ရဲ့မမြင်ရတဲ့ ကံကြမ္မာနဲ့ ကြိုးစားမှုရယ် ပေါင်းစပ် ပြီးရလာတဲ့ အောင်မြင်မှုလို့ သတ် မှတ်ထားတဲ့အတွက် အောင်မြင်မှု မှာ လျှို့ဝှက်ချက်မရှိဘူးလို့ပြောချင် ပါတယ်။
အောင်မြင်မှုကို ခံယူထားတဲ့ ခံယူချက်ပေတံနဲ့ပဲ တိုင်းတာတယ်
ကိုယ်ရောက်ချင်တဲ့ ပန်းတိုင် ကို ရောက်တယ်ဆိုရင် ကိုယ်သတ် မှတ်ထားတဲ့အောင်မြင်မှုတစ်ခုကို ရ ရှိသလိုပါ။ တစ်ရာရာခိုင်နှုန်း အောင် မြင်နေတဲ့ လူတစ်ယောက်တောင်မှ နောက်ထပ်ဒီထက်မက အောင်မြင် မှုတွေလိုချင်လာကြတယ်လေ။ လူ တစ်ယောက်ဟာ သူများတွေထက် ပိုတော်လို့၊ ပတ်ဝန်းကျင်က အောင် မြင်တယ်လို့ ပြောလို့ရပေမယ့် သူ့ရဲ့ လိုအပ်နေတဲ့ အောင်မြင်မှုတွေမရ မချင်း ရင်ထဲကသူ့ရဲ့ခံယူချက်က တော့ အောင်မြင်မှာမဟုတ်ပါဘူး။ အောင်မြင်မှုဆိုတဲ့စံအတိုင်း အတာ ကိုကိုယ်ခံယူထားတဲ့ခံယူ ချက်နဲ့ တိုင်းတာရင်ပိုကောင်းပါတယ်။
အောင်မြင်မှုကို ဖြတ်လမ်းကနေ မလိုက်စေချင်ဘူး
အောင်မြင်မှုတစ်ခုရဖို့အတွက် ဖြတ်လမ်းက လိုက်တာမျိုးမဖြစ်စေ ချင်ပါဘူး။ ရိုးရိုးသားသားလေးနဲ့ ကြိုးစားပြီးရလာတဲ့ အောင်မြင်မှုမျိုး ပဲဖြစ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖြတ်လမ်းကလိုက်တယ် ဆိုတာလည်း တစ်ခါတစ်ရံလွဲချော် သွားတာတွေလည်း ရှိတတ်ပါတယ်။
ကိုယ့်ကိုယ်အောင်မြင်တဲ့ သူတစ်ယောက်လို့ သတ်မှတ်မထားဘူး
အောင်မြင်မှုဆိုတာ ကိုယ့်စိတ် ခံစားမှုပေါ်မူတည်ပါတယ်။ ဒီအနု ပညာထဲမှာမှမဟုတ်ပါဘူး။ စီးပွား ရေးနယ်ပယ်မှာလည်း သူများထက် ပိုတော်လို့ ပတ်ဝန်းကျင်က အောင် မြင်တဲ့ သူတစ်ယောက်လို့ သတ်မှတ် ခံထားရတဲ့ သူတွေလည်းရှိပါတယ်။ အောင်မြင်တယ်ဆိုပေမယ့်လောဘ၊ ဒေါသ၊ မောဟတွေနဲ့ဆိုရင်လည်း စိတ်ချမ်းသာတဲ့ အောင်မြင်မှုမျိုး ရမှာမဟုတ်ပါဘူး။ ကျွန်တော်ကိုယ် တိုင်လည်းလောဘမကြီးပါဘူး။ အ ခုအချိန်ထိအောင်မြင်တဲ့ လူတစ် ယောက်လို့ မသတ်မှတ်ထားဘဲ အသစ်တစ်ယောက်လိုပဲ ကြိုးစားရ မယ်ဆိုတဲ့ စိတ်နဲ့ပဲလုပ်ပါတယ်။
တစ်ခါတစ်လေ ခက်ခက်ခဲခဲ မှတ်ရတဲ့ ဒိုင်ယာလော့(ခ်)တွေ ရှိခဲ့ပါတယ်
ကိုယ်ကအခုအချိန်မှာ လုပ် တာနည်းနည်းကြာနေပြီဆိုတော့ ဒိုင်ယာလော့(ခ်)မှတ်ရတာအဆင် ပြေလာပါတယ်။ ဒါပေမဲ့ အခုအချိန် ထိ ခက်ခက်ခဲခဲ မှတ်ရတဲ့ ဒိုင်ယာ လော့(ခ်)တွေရှိပါတယ်။ အနုပညာ ဆိုတာ ခက်ခဲတယ်၊ နက်နဲတယ်ဆို တော့ ဘယ်အပိုင်းမဆိုပါ အခက်အ ခဲတွေရှိပါတယ်။
အရမ်းအရေးကြီးတဲ့ ဇာတ်ဝင်ခန်းတွေမှ ရှုတင်မိတ်ကပ် လိမ်းပါတယ်
ကျွန်တော် ပုံမှန်ရိုက်နေကျဆို မိတ်ကပ် မလိမ်းပါဘူး။ ဒါပေမဲ့ အရမ်းအရေးကြီးတဲ့ ဇာတ်ဝင်ခန်း တွေဆိုမှ မိတ်ကပ်လိမ်းပါတယ်။ ဥပမာ- ဂျိုကာလို ဇာတ်ရုပ်မျိုးမှာဆို တစ်မျိုး၊ ဆင်းရဲသားအခန်းဆိုလည်း မိတ်ကပ်အညိုတစ်မျိုး လိမ်းရတာ တွေရှိပါတယ်။ အလကားထိုင်နေ ရင်း မိတ်ကပ်လိမ်းထားတာမျိုး မရှိ ပါဘူး။ အလုပ်သဘောအရ အရေး ကြီးတဲ့ ဇာတ်ဝင်ခန်းတွေမှာပဲ လိမ်း ပါတယ်။ 

No comments:

Post a Comment