Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 18, 2014

အချိုရည်ဗူးတွေပေါ်မှာ ကျန်းမာရေးသတိပေးစာကပ်ဖို့ ဥပဒေမူကြမ်း တင်သွင်းလိုက်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်



Soft drink အချိုရည်ဗူးတွေပေါ်မှာ ကျန်းမာရေး သတိပေးစာကပ်ဖို့အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို ကယ်လီဖိုးနီးယား ဥပဒေရေးဆွဲသူတွေဟာ အဆိုတင်သွင်းခဲ့ပါတယ်။ အချိုရည်တွေနဲ့ မလိုလားအပ်တဲ့ အ၀လွန်ရောဂါမျိုးတွေကြားက ဆက်စပ်မှုကို ပြဖို့အတွက် မျှော်မှန်းထားကြတာပါ။ အဖျော်ယမကာတွေပေါ်မှာ ဒီလို သတိပေးစာကပ်ဖို့ ဥပဒေမူကြမ်းထုတ်တာဟာ အမေရိကမှာ ပထမဆုံးပါပဲ။ စီးကရက်ဗူးခွံတွေမှာ ကျန်းမာရေးသတိပေးစား ကပ်သလိုမျိုးပေါ့။
ဒီဥပဒေ မူကြမ်းကိုသာ အတည်ပြုဖြစ်ခဲ့မယ်ဆိုရင် အချိုရည်ထုတ်တဲ့ စီးပွားရေးလုပ်ငန်းတိုင်းဟာ အရည်၁၂ အောင်စစီမှာ ကယ်လိုရီ ၇၅ပါရှိကြောင်းနဲ့ အချိုရည် တစ်ဗူးချင်းစီပေါ်မှာ ကျန်းမာရေးသတိပေးစာ ကပ်ရတော့မှာဖြစ်ပါတယ်။ "STATE OF CALIFORNIA SAFETY WARNING: Drinking beverages with added sugar(s) contributes to obesity, diabetes, and tooth decay," လို့ ရေးထားမှာပါ။ “ကယ်လီဖိုးနီးယားပြည်နယ် ဘေးကင်းရေး သတိပေးချက် : သကြားပါသော အဖျော်ယမကာ တွေဟာ အ၀လွန်ခြင်းနဲ့  ဆီးချိုရောဂါကို ဖြစ်စေပြီး သွားတွေကိုလည်း ယိုယွင်းပျက်စီးစေပါတယ်။” ပေါ့။
Ref:theverge.com
Trend Myanmar

No comments:

Post a Comment